Tuesday, January 5, 2016

ဧရာဝတီမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေ များကို ဖမ်းဆီးခေါ်ဆောင်ပစ္စည်းများလုယက်နေကြောင်သိရ




ဧရာဝတီမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေ များကို စစ်ကိုင်းမြို့နယ် နောက် ကြည့်ကျွန်းအနီးသို့ အရောက် တွင် စက်လှေများဖြင့် ကပ်လာ ကာ လက်နက်များကိုင်ဆောင် ပစ်ပေါက်ခဲ့ပြီး စက်လှေအချို့ကို ဖမ်းဆီးခေါ်ဆောင်၍ ပစ္စည်းနှင့် ငွေများရိုက်နှက်လုယက်မှုဖြစ်ပွား ခဲ့သည်။ ဇန်နဝါရီ ၂ ရက် ည ၉ နာရီ ကျော်က တံတားဦးမြို့နယ်ဘက် မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေ ခြောက်စီးကို လူတစ်ဦးစီက ခုတ်မောင်းလာစဉ် နောက်ကြည့်ကျွန်းအနီးအရောက် စက်လှေလေးစီး  ရောက်ရှိလာပြီး ဓား၊ လေးခွများ ကိုင်ဆောင်ထား သည့် လူ ၁၂ ဦးက လေးခွများဖြင့် စတင်    ပစ်ခတ်ခဲ့သည်။   ထို့နောက် စက်လှေခြောက်စီးအနက် သုံးစီးနှင့် အမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ စက်လှေ ခြောက်စီးမှာ ထီး ချိုင့်မြို့နယ်သို့   လှေအခွံများ သွားရောက်ဝယ်ယူကာ ပြန်လာ သူများဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသည့် အမျိုးသားနှစ်ဦးကို နောက်တစ်နေ့နံနက်၌ ဧရာဝ တီမြစ်ဘေးရှိ ကျေးရွာများတွင် လိုက်လံရှာဖွေခဲ့ရာ လှေသုံးစီးနှင့် အတူ ပြန်လည်တွေ့ရှိခဲ့သည်။ ဖမ်းဆီးသွားသူများက ထိုအ မျိုးသားနှစ်ဦးထံမှ ငွေကျပ်ငါး သောင်းနှင့် အင်ဂျင်စက်နှစ်လုံးတို့ ကို ရိုက်နှက်လုယူခဲ့ခြင်းဖြစ်သည် ဟု   ရဲမှတ်တမ်းများအရ   သိရသည်။ ‘‘အရိုက်ခံရပြီး ပစ္စည်းအလု ခံရတဲ့အမျိုးသားနှစ်ဦးက အမှုမ ဖွင့်ချင်၊ အရေးမယူချင်ဘူးတဲ့။ ရွာ ရောက်မှပဲ ဆေးကုသမယ်လို့ ပြောတယ်။ ဒါကြောင့် အမှုဖွင့် ထားတာမရှိပါဘူးဟု တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ရေကြောင်းရဲကတော့ သင်္ဘောတွေဆိုက်ကပ်တဲ့ဂေါဝန် ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်း ဘက်ကိုလည်း အဓိကလုံခြုံရေး ပေးတယ်။ မန္တလေးဘက်ကို အဓိ ကထားဆောင်ရွက်ပေးတာ ဖြစ် တယ်။ တခြားမြစ်ကြောင်းတစ် လျှောက်မှာ ဖြစ်လို့ ဆက်သွယ်အ ကြောင်းတာမျိုး ဆိုရင်လည်း လိုက်လံကူညီပေးပါတယ်။ လှည့် ကင်းအနေနဲ့ ဆောင်ရွက်တာမျိုး လည်း လုပ်ပါတယ်’’ဟု ‘‘ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ခွန်မျိုးမြတ်ရှိန်က ပြောသည်။ လက်ရှိတွင် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် အနီးဝန်းကျင်ရှိ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းများနှင့် ရေကြောင်းရဲ တပ်ဖွဲ့ခွဲ(မန္တလေး)တို့ ပူးပေါင်း၍ လှည့်ကင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)ထံမှ စုံစမ်း သိရသည်။ 7day 

Copy the BEST Traders and Make Money : http://bit.ly/fxzulu

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.