Monday, January 4, 2016

တစ်ရက် ဝိုင်တစ်ခွက်သောက်ခြင်းက Gym ဆော့ခြင်း နှင့် တူညီသော အကျိုးများတွေ့ရှိရ




ကနေဒါက အယ်လ်ဘာတာတက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်တွေအရတော့ ၀ိုင်နီမှာ အခွံမာသီးတွေနဲ့ စပျစ်သီးတွေမှာ တွေ့ရလေ့ရှိတဲ့ တူညီတဲ့ သဘာဝကွန်ပေါင်းတွေ၊ Resveratrol တွေရနိုင်တယ်လို့ သိရပါတယ်၊ ကြွက်တွေနဲ့စမ်းသပ်ချက်အရတော့ အဆိုပါ ဒြပ်ပေါင်းတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ နှလုံးကျန်းမာမှု၊ ကြွက်သားကြံ့ခိုင်မှုတွေကို အထောက်အကူပြုစေတယ်လို့သိရပါတယ်။

အဆိုပါ စမ်းသပ်ချက်ကိုဦးဆောင်ခဲ့သူ Jason Dyck ရဲ့အဆိုအရတော့ ၀ိုင်နီမှာတွေ့ရတဲ့ Resveratrol တွေက သင်ပြုလုပ်နေတဲ့ ကျယ်ပြန့်တဲ့ လေ့ကျင့်ခန်းတွေနဲ့တူညီတဲ့ ရလဒ်တွေရှိတယ်ဆိုတာ သက်သေပြနေပါတယ် လို့ဆိုပါတယ်၊

အချုပ်အားဖြင့်ပြောရရင်တော့ ၀ိုင်နီထဲကပါဝင်ပစ္စည်းတွေဟာ GYM မှာသွားဆော့တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ တူညီတယ်လို့ သိရပါတယ်၊ ဒါကြောင့် တစ်နေ့ကိုဝိုင်တစ်ခွက်သောက်ခြင်းအားဖြင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေသလို ကြွက်သားတွေနဲ့ အရိုးတွေကို သန်မာစေတာဖြစ်ပါတယ်၊

ဒါပေမယ့်၊ တကယ်တော့ ၀ိုင်တစ်နေ့တစ်ခွက်သောက်တာဟာ သင့်ကို Six Pack လို့ခေါ်တဲ့ ဗိုက်ကြွက်သားတွေထွက်လာစေမှာတော့မဟုတ်ပါဘူး၊ ပြီးတော့ ၀ိုင်တစ်ခွက်သောက်ရုံနဲ့သာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတာဖြစ်ပြီး ပိုတော့မသောက်သင့်ပါဘူး၊

၁၇၅မီလီ ခွက်တစ်ခွက်နဲ့ ၀ိုင်နီဟာ ကယ်လိုရီ ၁၂၀ပါဝင်ပြီး ၂၅၀မီလီမှာ တော့ ကယ်လိုရီ၂၁၅ အထိပါဝင်တာကြောင့် တကယ်လို့ ထမင်းစားချိန်မှာနှစ်ခွက်ထက်ပိုသောက်ခဲ့ရင် ကယ်လိုရီကို နှစ်ဆထိတက်စေနိုင်ပါတယ်၊

ဝိုင်နီကို သင့်တင့်မျှတစွာ သောက်သုံးပေးခြင်းဖြင့် ကိုလက်စထရောကို ထုတ်လုပ်ပေးတာကြောင့် သွေးခဲခြင်း၊ ဦးနှောက်နှေးကွေးခြင်း၊ တိမ်ဖြစ်ခြင်း၊ အူမကြီးကင်ဆာ နဲ့ ဆီးချိုရောဂါနှစ်မျိုးတို့ကို ကာကွယ်ပေးနိုင်တယ် လို့သိရပါတယ်၊

ဒါကြောင့် ၀ိုင်နီကို သိပ္ပံပညာရှင်တွေရဲ့ ညွှန်ကြားချက်အတိုင်း သောက်သုံးပေးသင့်ပါတယ်၊

Source : သစ်ထူးလွင်(ကျန်းမာရေး)

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.