Tuesday, January 5, 2016

မူစလင်ကလေးများအားပြန်ပေးဆွဲကာ အသေခံဗုံးခွဲရာတွင်အသုံးပြုရန်ရောင်းစားလျက်ရှိ




ဂျီဟတ်သမားတွေဟာ မူဆလင်ကလေးငယ် ကောင်လေးတွေကို ပြန်ပေးဆွဲလျှက်ရှိပြီး အသေခံဗုံးခွဲသမားတွေအဖြစ် ရိုက်သွင်းလျှက်ရှိပါတယ်။ အဲ့ဒီ့နောက်မှာတော့ အဆင်သင့် အသေခံဗုံးခွဲသမားလေးတွေကို စတာလင်ပေါင် ၃၀၀၀၀ နဲ့ ပါကစ္စတန်မှာ ရောင်းချလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

ကလေးငယ်နဲ့ ဆယ်ကျော်သက်လူငယ်ပေါင်း ၂၀၀ ကျော်စီကို ထိန်းသိမ်းထားတဲ့ စခန်းပေါင်း ၂၀၀ ကျော်ရှိနေတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပါကစ္စတန် အာဏာပိုင်တွေရဲ့ ယခင်ထုတ်ပြန်ချက်တွေအရ ကလေးငယ်တွေဟာ ကန်ဒေါ်လာ ၇၀၀၀ နဲ့ ရောင်းချခံနေရတယ်လို့ သိရပါတယ်။

"ဒီလိုတွေဖြစ်လာတာ သိပ်မကြာသေးဘူး။ တော်တော်လေး စိုးရိမ်ရတဲ့အခြေအနေပဲ။ အစွန်းရောက် ဝါဒကြောင့် လုပ်နေကြတာတင်မဟုတ်ဘူး။ ပိုက်ဆံရှာနေကြတဲ့ လုပ်ငန်းလောကတစ်ခုတောင် ဖြစ်လာပြီ။" လို့ ယခုသတင်းကို ပေးခဲ့တဲ့ အမည်မဖော်လိုသူ က ပြောခဲ့ပါတယ်။


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.