Thursday, February 4, 2016

သင့်ဖုန်းပေါ်ကဒီAppကိုဖျက်ထုတ်လိုက်ရင် ဖုန်းဘက်ထရီ၂၀%ပိုခံလိမ့်မယ်



သင့်ရဲ့ ဖုန်းကို ခဏခဏအားသွင်းနေရပါသလား၊ ဒါမှ ဖုန်းကအရမ်းလေးနေပါသလား၊ သင့်ရဲ့ဖုန်းပေါ်မှာ သင့်ဘက်ထရီကို
အရမ်းစားနေတဲ့ appတစ်ခုရှိပါတယ်။ အဲ့ဒိ appကိုထုတ်လိုက်ရင်တော့ သင့်ရဲ့ဘက်ထရီဟာ အခါတိုင်းထက် ၂၀%ပိုခံမှာ
ဖြစ်ပြီး သင့်ဖုန်းကလည်း အရင်ကထက်ပိုသွက်လာပါလိမ့်မယ်။
ကံဆိုးတာကတော့ ဒီappကို သင်ထုတ်ပစ်ဖို့ဆိုတာ အရမ်းချစ်တဲ့ရည်းစားကို လမ်းခွဲခိုင်းသလိုဖြစ်နေပါလိမ့်မယ်။ အဲ့ဒိapp
ကတော့ Facebook app ပါ။ Facebook Appဟာ ဘက်ထရီကိုအစားဆုံးဖြစ်ပြီး ၊ ဖုန်းရဲ့ Ram ကိုလည်း အများကြီးသုံးတာ
ကြောင့် Ramနည်းတဲ့ ဖုန်းတွေမှာ ဖုန်းလေးတာတွေ ဖြစ်လာပါတယ်။ နောက်တစ်ချက်က Facebook ဟာဒေတာ စားတာ
လည်း အရမ်းများပါတယ်။ လူတွေဟာ Facebook ကိုအရမ်းကြိုက်နေတဲ့အခါမှာတော့ ဒေတာစားတာကို အပြစ်မမြင်ကြပါ
ဘူး။ တကယ်တော့ Linkတစ်ခုထဲကိုဝင်ပြီး ဆောင်းပါးတစ်ပုဒ်ဖတ်တာဟာ ဘာမှမကုန်ပါဘူး။ တကယ်က Facebook ကို
Scroll downပွတ်လိုက်တိုင်း ဓာတ်ပုံတွေပေါ်လာတိုင်း ဒေတာတွေက စားနေတာပါ။ မြန်မာနိုင်ငံကလူတွေကတော့ အထင်
မှားစွာနဲ့ပဲ Linkထဲဝင်တာက ပိုက်ဆံအရမ်းကုန်တယ်ထင်နေကြပါတယ်။ Linkထဲဝင်တာထက် Facebook ကိုတစ်ချက်
ဆွဲလိုက်တိုင်း ပိုက်ဆံကုန်တာကို မသိကြပါဘူး။ ဗဟုသုတရမယ့်စာတွေကို ဝက်ဘ်ဆိုဒ်တွေမှာ ရှာဖတ်ဖို့တော့ ပိုက်ဆံကုန်
လို့ဆိုပြီးဆင်ခြေပေးတတ်ကြပါတယ်။
Android Center ကစာရေးဆရာ Russell Hollyက Facebook app ရဲ့ဘက်ထရီစားမှုကို ပထမဆုံးသတိထားမိခဲ့ပါတယ်။
စမ်းသပ်ခဲ့တဲ့ လူတော်တော်များများကလည်း ဖုန်းဟာသွက်လာပြီး ဘက်ထရီပိုခံလာကြောင်းပြောကြပါတယ်။ ဗဟုသုတ
အဖြစ်မျှဝေပေးလိုက်တာဖြစ်ပါတယ်။  ဖျက်ထုတ်တာ မထုတ်တာကတော့ သင့်အပေါ်ပဲမူတည်ပါတယ်။ Facebookကနေ
ဆိုးကျိုးထက်ကောင်းကျိုးတွေ ပိုရနေတယ်ဆိုရင်တော့ ဆက်လက်သုံးသင့်ပြီး ကောင်းကျိုးထက် ဆိုးကျိုးကများနေတယ်
ဆိုရင်တော့ သင်စဉ်းစားသင့်ပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.