Thursday, February 4, 2016

ခန္ဓာကိုယ်ပေါ်မှာသစ်မြစ်များပေါက်နေတဲ့ သစ်ပင်လူသားသေဆုံး



အင်ဒိုနီးရှားနိုင်ငံက Dede Koswaraလို့ အမည်ရတဲ့ သစ်ပင်လူသားဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။သူဟာ မသေခင်မှာ ဇနီးတစ်ယောက်ကို ရှာဖွေခဲ့ပြီး သူရဲ့ ထူးဆန်းတဲ့ရောဂါကြောင့် အမျိုးသမီးတွေကအနားမကပ်ချင်ကြလို့ တစ်သက်လုံး အထီးကျန်စွာ နေခဲ့ရသူဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ 30 ရက်နေ့ မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘက်ဒ်ဒေါင်းမြို့မှာရှိတဲ့ Hasan Sadikinဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ရဲ့ ထူးဆန်းတဲ့ရောဂါကြောင့် “သစ်ပင်လူသား”လို့ ကင်ပွန်းတပ်ခြင်းခံထားရတဲ့ အဲဒီအမျိုးသားဟာ မိသားစုရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး သူဟာ အထီးကျန်စွာဖြင့် ဒီရောဂါကြီးနဲ့ကြာရှည်တိုက်ပွဲဝင်ခဲ့ရကာ နောက်ဆုံးမှာတော့ အဖျားရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

သူခံစားရတဲ့ ရောဂါကို ဆေးပညာရှင်တွေက Lewandowsky-Lutz dysplasia လို့ ခေါ်ပြီး အဲဒီရောဂါ ကူးစက်ခံရသူဟာ papilloma virus (HPV)ကို ထိန်းချုပ်ခြင်း မပြုနိုင်တော့တာကြောင့် လူခန္ဓာကိုယ်အနှံ့မှာ ကြောက်မက်ဖွယ် သစ်ပင်၏ အခေါက်၊ အဖက်တို့ကဲ့သို့ အသားစများ ထွက်ပေါ်လာပါတယ်။ Koswara ရဲ့ ဇနီးဟာ သူဒီရောဂါ စတင်စွဲကပ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ ဆယ်နှစ်လောက်ကတည်းက သူ့ကို စွန့်ခွာသွားခဲ့ပြီး ကလေးနှစ်ယောက်လည်း ၎င်းဇနီးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

မသေခင်တုန်းက Koswara ပြောခဲ့တဲ့စကားကတော့ “ ကျွန်တော်က ဘာအလုပ်ရရ ကောင်းကောင်းမွန်မွန်ဆိုလုပ်ချင်ပါတယ် … အဲဒီနောက် တစ်နေ့နေ့မှာ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်မယ် … မဖြစ်ဖူးလို့တော့ဘယ်သူ ပြောနိုင်မှာလဲနော် ” ဟု ဖွင့်ဟခဲ့ဖူးပါတယ်။ ဒါပေမယ့် ရောဂါအခြေအနေက တိုးတက်လာမှုမရှိဘဲ သူ့ရဲ့ခြေထောက်နဲ့ လက်တွေမှာ အလေးချိန် 13 ပေါင်ခန့်ရှိတဲ့ သစ်မြစ်သစ်ခေါက်ပုံသဏ္ဍန်တွေက ဖုံးအုပ်တဲ့အထိအခြေအနေက ဆိုးဝါးခဲ့ပါတယ်။ 2008 ခုနှစ်မှာ သူရဲ့ သစ်မြစ်သစ်ခေါက်အနာ 13 ပေါင်ခန့်ကို ခွဲစိပ်ဖယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ထိုစဉ်က သူဟာ ဆူဒိုကူဂိမ်းနဲ့ flip-flops ဂိမ်းတွေကိုတောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဂါအခြေအနေဟာ အဲဒီနောက်ပိုင်းနှစ်တွေမှာ အခြေအနေ ပိုမိုဆိုးဝါးလာပြီး နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ အဖျားရောဂါအပါအ၀င် အသဲရောင်ရောဂါ၊ သရက်ရွက်နဲ့ အစာအိမ်ရောဂါတွေပါ ခံစားခဲ့ရကာ အခြေအနေဆိုးဝါးလာခဲ့ပြီးနောက်ဆုံးမှာတော့ သူ့ရဲ့ တစ်ဘ၀စာ ၀ဋ်ကြမ္မာကို အဆုံးသတ် သွားနိုင်ခဲ့တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
Credit -  MOM
Source-  Mirror

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.