Thursday, January 7, 2016

သာမာန်ချစ်သူစုံတွဲတွေနဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်လာတဲ့ စုံတွဲတွေကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေ



သာမာန်ချစ်သူစုံတွဲတွေနဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်လာတဲ့ စုံတွဲတွေကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေတတ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ စနောက်ရင်းနဲ့ သူငယ်ချင်း သံယောဇဉ်ကနေ ချစ်သူတွေ ဖြစ်သွားကြတဲ့ စုံတွဲတွေမှာ သင်တို့မသိနိုင်တဲ့ အရာတွေ ဖြစ်ပျက်ပိုင်ဆိုင်နေကြပါတယ်။ အဲ့ဒီအရာလေးတွေက ဘာတွေများ ဖြစ်လိမ့်မလဲ။

၁။ သူတို့ဟာ အချိန်တိုင်းလိုလို တစ်ယောက်ဘာတွေးနေသလဲ ဆိုတာ တစ်ယောက်က သိနေကြတယ်။

သူငယ်ချင်းဘ၀ကနေ ချစ်သူတွေ ဖြစ်သွားကြတဲ့အခါ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ပြီးသား ဖြစ်နေပါပြီ။ ဒီတော့ တစ်ယောက်က တစ်ခုခုတွေးလိုက်တာနဲ့ ဘာတွေးနေတာမလားလို့ တန်းပြောလို့ရအောင်ကို သူတို့တွေက တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြပါတယ်။

၂။ အတူနေတဲ့အခါ အစပိုင်းမှာ ဟာသဖြစ်နေပါတယ်။

ချစ်တင်းနှီးနှောကြတဲ့အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိနေပါလိမ့်မယ်။ ဒါဟာ အစပိုင်းအချိန်တွေသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားကြတာချည်းပါပဲ။

၃။တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြမှာပါ။

သူငယ်ချင်းဘ၀က တစ်ယောက်ရဲ့ ငယ်ကျိုးငယ်နာ တစ်ယောက်ဖော်နေကြဆိုရင် ခုရည်းစားဖြစ်တဲ့အခါမှာလည်း စနောက်နေကြဦးမှာပါပဲ။

၎။သူ့ကိုဆုံးရှုံးရင် သူငယ်ချင်းတစ်ယောက်ကိုပါ ဆုံးရှုံးသွားမှာမို့ အဲ့ဒီအကြောက်တရားလည်း ရှိနေတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြသနာတွေ တက်ကြတဲ့အခါ အရင်တုန်းကလို ဖွင့်ဟတိုင်ပင်နေကျလူ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အရင်က ဖွင့်ဟတိုင်ပင်ခဲ့တဲ့သူက ခုပြသနာတက်နေတဲ့ သင့်ချစ်သူ ဖြစ်နေတာကြောင့်ပါ။ ဒီတော့ တစ်ခုခုကြောင့် သင်တို့လမ်းခွဲလိုက်ရမယ်ဆိုရင် ချစ်သူကိုရော၊ သူငယ်ချင်းပါ ဆုံးရှုံးသွားရမယ်ဆိုတဲ့ အသိကြောင့် သင့်စိတ်ထဲ ကြောက်နေတာမျိုး ရှိတတ်ပါတယ်။


၅။အပြင်ထွက်လည်ပတ်စားသောက်တဲ့အခါ စီစဉ်ရတာ လွယ်ကူပါတယ်။

နှစ်ယောက်သား သူငယ်ချင်းဘ၀က စားဖူးတဲ့ ဆိုင်လေးပဲ သွားမလား၊ အရင်လိုပဲ ဘေလ်ကို တစ်ယောက်တစ်ဝက်ရှင်းမလား။ အထူးပြောနေစရာ မလိုတော့ပါဘူး။

၆။ပြသနာ၊ ဒေါသကိုတော့ မျိုသိပ်ထားတာထက် ပေါက်ကွဲတာ ပိုများပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် ရေငုံနှုတ်ပိတ်ပြီး နေစရာမလိုဘူးဆိုတဲ့ အသိက ပြသနာတစ်ခုခုဆိုရင် ဒေါသပေါက်ကွဲလွယ်အောင် တွန်းပို့ပေးသလို ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သူဘာကို စိတ်မကောင်းဖြစ်တတ်တယ်၊ ဘယ်အချက်ကိုတော့ သည်းမခံနိုင်ဘူးဆိုတာ သိထားတဲ့အတွက် ပြသနာတက်တာနဲ့ အပြန်အလှန်ပြောဆိုဖို့လည်း တွန့်ဆုတ်နေကြမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကတော့ ချစ်သူစုံတွဲတွေ ပြန်ညှိုနှိုင်းသင့်တဲ့ အချက်ပါပဲ။

၇။တကယ်လို့သာ နားလည်မှုရှိပြီး သံယောဇဉ်ကြိုး ခိုင်မာသွားမယ်ဆိုရင် ဒီအချစ်ရေးဟာ တကယ်ကိုထူးခြားပါတယ်။

အပေါ်မှာ ပြောခဲ့သလို တစ်ယောက်နဲ့တစ်ယောက် သည်းမခံပဲ ပြသနာတက်တိုင်း ၀ုန်းဒိုင်းကြဲနေမယ်ဆိုရင်တော့ သင်တို့နှစ်ဦးဟာ တွဲပြီးမကြာခင်မှာပဲ ပြတ်သွားပါလိမ့်မယ်။  အဲ့ဒီအချိန် ချစ်သူရော၊ သူငယ်ချင်းကိုပါ ဆုံးရှုံးသွားတာမို့ သင်ပိုခံစားရပါလိမ့်မယ်။ အဲ့ဒီလို မဟုတ်ပဲ သင်ဟာ နားလည်မှုရှိရှိ ဒီအချစ်ရေးကို တည်ဆောက်သွားမယ်ဆိုရင် သင်တို့နှစ်ဦးရဲ့အချစ်ရေးဟာ တကယ်ကို ထူးခြားပြီး ပျော်စရာအချိန်တွေကို ပိုင်ဆိုင်သွားမှာပါ။

Source : Trend Myanmar

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.