Thursday, January 7, 2016

နာမည်ကျော်များ၏ အတုယောင်ပုံအသုံးပြုလာတဲ့ လိင်ဒုစရိုက်လုပ်ငန်း








တရုတ်နိုင်ငံမှာ ဝေဘိုနဲ့ ၀ီချက်တို့လို လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် နာမည်ကျော် မင်းသမီး၊ သရုပ်ဆောင်၊ ကိုယ်ဟန်ပြမယ်တွေရဲ့ အတုအယောင်ပုံတွေ၊ ရုပ်သံဗွီဒီယိုတွေ အသုံးပြုလာတဲ့ လိင်မှု ဒုစရိုက်လုပ်ငန်းတွေ များပြားလာတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရှန့်ဇန်ရဲတွေအနေနဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ အမျိုးသမီးသရုပ်ဆောင်နဲ့ ကိုယ်ဟန် ပြမယ် အတုအယောင်ပုံရိပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ လိင်မှုဒုစရိုက်လုပ် ငန်းတွေကို ဖမ်းဆီးခဲ့ရတယ်လို့ ပြောပါတယ်။ လိင်အပျော်မယ်တွေဟာ နာမည်ကျော်တွေရဲ့ အွန်လိုင်းမှတ်ပုံတင်အတုတွေ အသုံးပြုကာ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ ဟန်ပြထားတဲ့ပုံတွေနဲ့အတူ ဆွဲဆောင်လာခဲ့ကြတာ ပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျောက်ရှန်ရီအမည်နဲ့ နာမည်ကျော်ဖက်ရှင်မော်ဒယ်နဲ့ အလှဘုရင်မအမည်ခံထားတဲ့ လိင်အပျော်မယ်ရဲ့ရာနဲ့ချီတဲ့ပုံတွေနဲ့ သတင်း ဆောင်းပါးတွေကို အွန်လိုင်းအင်တာနက်စာမျက်နှာတွေပေါ်မှာ အလွယ်တကူ တွေ့နိုင်မှာပါ။ အဲဒီဆောင်းပါးတွေမှာ အလှမယ်ဘွဲ့ရရှိခဲ့ပုံ အသေးစိတ်ကို လှည့်ကွက်အဖြစ် လိမ်လည်ရေးသားထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ လိင်အပျော်မယ်တွေဟာ နာမည်ကျော်တွေကဲ့သို့ အတုအယောင်မှတ်ပုံတင်ရ ရှိနိုင်ဖို့ ဗွီဒီယိုရိုက်ကွင်းတွေ၊ ဖက်ရှင်အလှဓာတ်ပုံတွေအတွက် မော်ဒယ်အေဂျင်စီတွေကို ယွမ်ငွေ ၂၀၀၀ နဲ့ ၃၀၀၀၀ ကြား အခကြေးငွေပေးပြီး ပြင်ဆင်ကြတာပါ။ ရှန့်ဇန်ခရိုင်လုံခြုံရေးဗျူရိုမှ ရဲအရာရှိ ဇူးခွန်က “အဲဒီနာမည်ကျော်ပုံစံတုပထားတဲ့ ၀က်ဘ်ဆိုဒ်တွေမှာ (လိင်အပျော်မယ်တွေရဲ့) ကိုယ်ရေးအချက်အလက်ဖိုင်တွေကို မြှင့် တင်လေ့မရှိကြဘူး” လို့ စီစီတီဗွီသတင်းကို ပြောပါတယ်။ တချို့ လိင်အပျော်မယ်တွေဟာ အတုအယောင် အွန်လိုင်းစတားတွေဖြစ်လာစေဖို့ ငွေကြေးပမာဏ မြောက်မြားစွာအသုံးပြုပြီး ခွဲစိတ်ပြုပြင်တာတွေကို လုပ်ကြလေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 
သတင်းဓာတ်ပုံ – စီစီတီဗွီ DVB 

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.