Thursday, January 7, 2016

အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်






ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အ၀ရွာအုပ်စုတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်
တိုင်ကြားထားကြောင်း သိရှိရသည်။

ဇန်န၀ါရီ ၅ ရက် ညနေ ၄း၀၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးဘက်မှ မိသားစုသည် မင်းပြားမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ အ၀ရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးက ဘိတ်လှတောင်ပေါ်တွင် ဟင်းသီးဟင်းရွက် ခူးနေစဉ် တစ်ရွာတည်းနေ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကျော်အေးက ရောက်လာပြီး သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး မိခင်နှင့် ဆွေမျိုးများအား အသိပေး ပြောကြားပါက ဓားဖြင့်
ထိုးသတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ရဲစခန်းတွင် အဆိုပါ အမျိုးသမီး၏ မိသားစုက အမှုဖွင့်လိုက်ခြင်းဟု မင်းပြားမြို့ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိန်ထွန်းဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးမောင်ကျော်အေးအား မင်းပြားမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားခံရသူမှာ ထွက်ပြေးနေသဖြင့် ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.