Friday, January 29, 2016

မယားငယ်ငယ်ကို သံသယမှုဖြစ်ပြီး ကွာရှင်း ရဲတင်းဖြင့် ထုရိုက်သတ်၍ လူသတ်မှုဖြစ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ဓါတ်ပုံ - Google Images

ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ နယ်ခွဲ ပြန်တိုးကျေးရွာချောင်းဖျား၌ ရေလုပ်သားများ ယာယီအနားယူ နေထိုင်ကြသောတဲအိမ်စု၌ အသက်အရွယ်ကွာလွန်းသည့် လင်မယား သံသယမှုဖြင့် ကွာရှင်းပြတ်စဲမှု ပြုလုပ်ရာက ဇနီးဖြစ်သူခမျာ ရဲတင်းနှင့်ထုရိုက်ခံရ၍ ခင်ပွန်း ဖြစ်သူ လူသတ်မှုဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။ဖြစ်စဉ်မှာ ယခုလ ၂၃ရက် နံနက် ၈ နာရီက ပုသိမ်မြို့နယ် ရွှေ သောင်ယံမြို့နယ်ခွဲ ပြန်တိုးကျေး ရွာချောင်းဖျား ၌ ရေလုပ်သားများ ယာယီနားခိုရာ တဲအိမ်စု၌ နေထိုင်ကြသော သန်းဌေး(ခ) ပြောင်ကြီး (၅၃နှစ်)နှင့်မရီရီလှ (၃၅နှစ်) (ဘ) ဦးကံမြင့်တို့နေအိမ်၌ လင်မယားချင်းသံသယစိတ်ဖြင့် ရန်ဖြစ်လွန်း ၍ ကွာရှင်းပြတ်စဲရန် ကျေးရွာရာ အိမ်မှူးနှင့် သက်သေလူကြီးများ ရောက်ရှိကြပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး၍ အိမ်ထောင် ပစ္စည်းများခွဲယူကြစဉ် အသိသက်သေရာ အိမ်မှူးနှင့် ရပ်မိရပ်ဖတို့မှာ ပြန်တိုးကျေးရွာသို့ သွားရောက် ၍ နံနက်စာ စားသောက်နေချိန်တွင် သန်းဌေး(ခ)ပြောင်ကြီးက နာကျင် ဒေါသထွက်ပြီး အိမ်ထဲရှိ ရဲတင်း နှင့်မရီရီလှ၏ဦးခေါင်းနောက်စေ့ကို ထုရိုက်လိုက်ရာနောက်စေ့ပေါက်ပြဲ ဒဏ်ရာရရှိသွားသည်။ ယင်းဖြစ် စဉ်ကို အနီးရှိတစ်ရွာတည်းနေသူ နော်ကလယ်မှူးက သိရှိရသဖြင့် မရီရီလှ၏ဖခင်ဦးကံမြင့်ထံ သွား ရောက်အကြောင်းကြားပြီး ဘောဓိ ကျေးရွာဆေးခန်းသို့ စက်လှေဖြင့် သွားရောက်စဉ်လမ်းခရီးအရောက် မွန်းလွဲ ၁နာရီခွဲတွင် မရီရီလှသည် ရရှိဒဏ်ရာဖြင့်သေဆုံးသွားသည်။ယင်းအမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ဖခင် ဦးကံမြင့်က ယခုလ ၂၄ ရက် နံနက် ၈နာရီကအခင်းဖြစ် ဒေသမှ ရွှေသောင်ယံမြို့နယ်ခွဲ နယ်မြေရဲစခန်းသို့ သွားရောက်တိုင် တန်းချက်အရ (ပ)၄/၂ဝ၁၆ ပြစ်မှု ပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့်ပြီး နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဆန်းဝင်းနှင့် နယ်ထိန်းခေါင်းဆောင်ရဲတပ်ကြပ်ကြီး လှထွေးတို့အဖွဲ့သည် သေဆုံးသူ မရီရီလှအလောင်းကို ရဲဆေးစာဖြင့် ရွှေသောင်ယံမြို့နယ်ခွဲဆေးရုံသို့ ပို့ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွား သူ သန်းဌေး(ခ) ပြောင်ကြီးအား လိုက်လံစုံစမ်းရှာဖွေရာ ယခုလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဖမ်းဆီး ရမိပြီးရဲလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန္ဒဝင်းဌေးThe Union Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.