Tuesday, January 12, 2016

အယ်နီနိုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြေလတ်ပိုင်းတွင် ရေရှားပါးမှုနှင့် ကျန်းမာရေး ပြဿနာများ ကြုံရနိုင်

ဇန်န၀ါရီလ ၁၂ ရက် ။          ။ ယခုနှစ်ဇန်န၀ါရီလမှ ဇွန်လအထိ သက်ရောက်မည့် အယ်နီနိုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြေလတ်ပိုင်းတွင် ရေရှားပါးမှုနှင့် ကျန်းမာရေး ပြဿနာများ ကြုံရနိုင်သည်ဟု မြ၀တီသတင်းက ဖော်ပြသည်။

"အယ်နီနိုသက်ရောက်မှုက အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာ အဓိကခံစားရနိုင်တယ်။ တခြားဒေသတွေမှာလည်း သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ မေလဆိုရင် ပိုပြီး သတိပြုဖို့လိုပါတယ်။" ဟု မိုး/ဇလ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

အယ်နီနိုသည် ပင်လယ်ရေမျက်နှာအပူချိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်တတ်ပြီး ၃-၄ နှစ် သို့မဟုတ် ၇ နှစ် တစ်ကြိမ်ဖြစ်ပေါ်သည်ဟု သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အယ်နီနိုအားသည် မှတ်တမ်းများအရ အားအကောင်းဆုံးဖြစ်ခဲ့သည့် ၁၉၉၇-၉၈ ခု အယ်နီနိုဖြစ်စဉ်နှင့်တူနေပြီး အငိအား ၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိသည်ဟုလည်း မြ၀တီက သတင်းကဆိုသည်။

အယ်နီနိုကြောင့် ယခုနှစ်တွင် ပုံမှန်ထက်အပူချိန်မြင့်ခြင်း၊ မိုးနည်းခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

Ref; Myawady

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.