အမေရိကန်လေတပ်က အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ငွေကြေးသိုလှောင်ရာ လျှို့ဝှက်နေရာ တစ်ခုကို ဗုံးကြဲတိုက်ခိုက်
အမေရိကန်လေတပ်က အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ငွေကြေးသိုလှောင်ရာ လျှို့ဝှက်နေရာ တစ်ခုကို ဗုံးကြဲတိုက်ခိုက်ကာ ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသည့် ငွေစက္ကူများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပုံမှန်မဟုတ်သည့် စစ်ဆင်ရေး တစ်ရပ်အဖြစ် ဇန်နဝါရီ ၁၀ ရက်တွင် မိုဆူးလ်မြို့လယ်ရှိ ကုန်လှောင်ရုံ တစ်ခုကို အမေရိကန် တိုက်လေယာဉ်များက ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့သည်။ ပေါင် ၂၀၀၀ ဗုံးနှစ်လုံးကြောင့် အဆိုပါ
နေရာသည် ပြားပြားဝပ် ပျက်စီးသွားပြီး အိုင်အက်စ်တို့အတွက် ရေရှည် ထိခိုက်မှုမှာ ပိုမိုဆိုးရွားလိမ့်မည်ဟု အမေရိကန်စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုနေရာတွင် သိမ်းဆည်းထားသည့် ငွေကြေးများ၏ ပမာဏကို တိတိကျကျ မထုတ်ပြန်နိုင်သော်လည်း ဒေါ်လာ သန်းပေါင်းများစွာ ရှိလိမ့်မည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ကာ နိုင်ငံတစ်ခုသဖွယ် အုပ်ချုပ်နေပြီး တပ်ဖွဲ့ဝင်များကို လစာငွေကြေး ထောက်ပံ့ရန် ငွေကြေးရင်းမြစ်များ ရှာဖွေထားသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များကလည်း နောက်ပိုင်းတွင် အိုင်အက်စ်တို့၏ ငွေရပေါက်ရလမ်းများကို အဓိက ပစ်မှတ်ထား ချေမှုန်းလာခဲ့သည်။
အမေရိကန် လေတပ်က မိုဆူးလ်တွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် အထိခိုက် အတိမ်းအစောင်း မခံနိုင်သည့် စစ်ဆင်ရေး တစ်ရပ်အဖြစ် သတိထား လုပ်ဆောင်ခဲ့သည်။ အဆိုပါ နေရာအနီးတွင် လူနေရပ်ကွက်များ ရှိနေရာ ပစ်မှတ်ချော်ပြီး အရပ်သားများ သေဆုံးမှု မရှိအောင် အထူးဂရုပြုခဲ့ကြောင်း အမေရိကန် စစ်ဘက်က ဆိုသည်။ ထိုနေရာတွင် နေ့ဖက်၌ အရပ်သားများ လှုပ်ရှားသွားလာနေတတ်ပြီး ညပိုင်းရောက်မှသာ အိုင်အက်စ် တပ်ဖွဲ့ဝင်
များက လှုပ်ရှားလေ့ရှိကြောင်းလည်း သိရသည်။
Ref: CNN

0 comments:
Post a Comment