ယာဉ်မောင်းလိုင်စင်မရှိ ဘဲ မောင်းနှင်ပါက ယာဉ်မောင်းနှင် သူသာမက ယာဉ်ပိုင်ရှင်ကိုပါ အ ရေးယူမည်။
မော်တော်ယာဉ်ဥပဒေ သစ်အရ ယာဉ်မောင်းလိုင်စင်မရှိ ဘဲ မောင်းနှင်ပါက ယာဉ်မောင်းနှင် သူသာမက ယာဉ်ပိုင်ရှင်ကိုပါ အ ရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးမှ သိရှိသည်။
၂၀၁၆ ဇန်န၀ါရီ ၄ ရက်တွင် ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်း နှင်မှု သုံးမှု ဖမ်းဆီးခဲ့ပြီး ယာဉ် မောင်းအပြင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲ အုပ်ဝင်းဌေးကပြောသည်။
‘‘မော်တော်ယာဉ်ဥပဒေသစ် မှာ ပုဒ်မ ၄၇(ဂ)မှာ လိုင်စင်မရှိသူ ကို မမောင်းနှင်စေရဆိုပြီး ပါ တယ်။ အခု စတင်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ချတယ်။ လိုင်းကားတွေ ဆိုရင် ကြီးကြပ်ရေးမှူးများလည်း အရေးယူသွားမယ်’’ဟု ရဲအုပ် ၀င်းဌေးကပြောသည်။
ယခင်က ယာဉ်မောင်းလိုင် စင်မရှိဘဲ ယာဉ်မောင်းနှင်မှုအရေး ယူရာတွင် ယာဉ်မောင်းကိုသာ အရေးယူသော်လည်း ယခုနောက်ပိုင်း၌ ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည် ဖြစ်သည်။
ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သူကို ပြစ်ဒဏ်ချမှတ် ရာတွင် တစ်လထက်မပိုသော ထောင်ဒဏ်၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင် ပြီး တစ်နှစ်အတွင်း ထပ်မံကျူး လွန်ပါက ထောင်ဒဏ်သုံးလ၊ဒဏ် ငွေကျပ်တစ်သိန်း ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးထံမှ သတင်းရ ရှိသည်။
0 comments:
Post a Comment