အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း
7:17 PM | No Comments |
အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း
အိုင်အက်စ်အဖွဲ့ (ISIS, ISLLဟုလည်း လူသိများ)သည် အီရတ် နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး စစ်ပွဲဆင်နွှဲပြီး အီရတ်နှင့် အမေရိ ကန်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ သော အယ်လ်ကိုင်ဒါအဖွဲ့၏ အ စွယ်အပွားအဖြစ် ၂၀၁၃ က ပေါ် ထွက်ခဲ့သည်။
ထိုအချိန်မှစ၍ အိုင်အက်စ် အဖွဲ့သည် ဆီးရီး
အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း
အိုင်အက်စ်အဖွဲ့ (ISIS, ISLLဟုလည်း လူသိများ)သည် အီရတ် နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး စစ်ပွဲဆင်နွှဲပြီး အီရတ်နှင့် အမေရိ ကန်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ သော အယ်လ်ကိုင်ဒါအဖွဲ့၏ အ စွယ်အပွားအဖြစ် ၂၀၁၃ က ပေါ် ထွက်ခဲ့သည်။
ထိုအချိန်မှစ၍ အိုင်အက်စ် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံမှ ဒေသအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မိမိတို့ ဘာသာပုံစံချ ထားသော ရှေးဟောင်း အစ္စလာမ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာခဲ့ပြီး အစွန်းရောက် အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု များအတွက် လူသိများလာခဲ့ သည်။ ပါရီမြို့ တိုက်ခိုက်မှုများ သည်လည်း ၎င်းတို့လက်ချက်ဟု ပြောကြားထားသည်။
အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်းလေ့လာမှုများကို ဖော်ပြပါသည်။
အီရတ်မှ ဆီးရီးယားသို့ ပြောင်းလဲရှင်သန်ခဲ့သော အဖွဲ့
အီရတ်နှင့် ဆီးရီးယားရှိ အိုင် အက်စ်အဖွဲ့ဟု ပထမဆုံး လူသိများလာခဲ့ပြီးနောက် အိုင်အက်စ် အဖွဲ့ဝင်များသည် ၂၀၀၆၊ ၂၀၀၇ တွင် အီရတ်ကို ပြည်တွင်းစစ်အ တွင်း တွန်းပို့ခဲ့သော လူမျိုးရေးပုန်ကန်မှု၌ အမေရိကန် တပ်ဖွဲ့ဝင် များအား အီရတ်နိုင်ငံရှိ အယ်လ်ကိုင်ဒါအဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့သည်။
လူမျိုးစု တိုက်ခိုက်ရေး သမားများနှင့် မဟာမိတ် တပ်ဖွဲ့တပ်ပေါင်းစုများ လက်ထဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၁၃၊ ၂၀၁၄ တွင် ဆီးရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သော သူပုန်များလက် ကျရောက်ခဲ့သည့် ဆီးရီးယား မြောက်ပိုင်းနှင့် အရှေ့ပိုင်း ကျယ်ပြန့်သော နိုင်ငံမဲ့ နယ်မြေများတွင် အိုင်အက်စ်အဖွဲ့များ ရှင်သန်ကြီးထွား လာခဲ့သည်။
အိုင်အက်စ်အဖွဲ့၏ အဆုံးစွန် ရက်စက်ကြမ်းကြုတ်မှု၊ ဆီးရီးယားရှိ အခြားအစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများကို လွှမ်းမိုးလိုသော ဆန္ဒတို့သည် အယ်လ်ကိုင်ဒါအဖွဲ့အတွက်ပင် သည်းမခံနိုင်စရာ ဖြစ်လာခဲ့ပြီး အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇာ ၀ါဟရီက ၂၀၁၄ တွင် ယင်းအဖွဲ့အား ရှုတ်ချခဲ့သည်။
ဂျီဟတ်ဝါဒီတို့၏ မြို့တော် ရက်ကာ
သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေသော သူပုန်အုပ်စု အများအပြားက ဆီးရီးယားမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ရက်ကာမြို့ကို ၂၀၁၃ မတ်လက သိမ်းပိုက်ခဲ့သည်။
ဘာသာရေး စစ်ပွဲဆင်နွှဲသူ ဂျီဟတ်များက ယင်းမြို့ကို ထိန်းချုပ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မကြာမီမှာပင် အမျိုးသမီးများအား စကားပြောခြင်း (သို့ မဟုတ်) ၀ိုင်သောက်ခြင်းများကို အကြောင်းရှာ၍ အခြားသူပုန် အဖွဲ့များအား ဖယ်ရှားပစ်ခဲ့သည်။ ၂၀၁၄ နွေရာသီ ရောက်လာသော အခါ ရက်ကာမြို့သည် အိုင်အက်စ်အဖွဲ့၏ တရားဝင် မဟုတ်သော မြို့တော်ဖြစ်လာခဲ့သည်။ ရှာရီးယား တရားရုံးများနှင့် ဘာသာရေးကျောင်းများ ဖွင့်လှစ် ခဲ့သည်။ မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးကျောင်းကို ပိတ်ပစ်လိုက်ပြီး ၎င်းတို့ကို ဝေဖန်သူများ၊ ရာဇ၀တ်မှု ကျူးလွန်သူများအား လူထုရှေ့ မှောက်သုတ်သင်မှုများ ပြုလုပ်ခဲ့သည်။
အီရတ်သို့ ပြန်လာသော အိုင်အက်စ်
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအား အခိုင်အမာ ထိန်းချုပ်ပြီးနောက် အိုင်အက်စ် တိုက်ခိုက်ရေးသမားများသည် နယ်စပ်ကို ဖြတ် ၍ အီရတ်နိုင်ငံတွင်းသို့ အလုံးအရင်း ၀င်ရောက်လာခဲ့ကာ အီရတ် ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်မြို့မှ အီရတ်တပ်ဖွဲ့များ ကို တိုက်ထုတ်ပစ်ခဲ့သည်။
အကျဉ်းသား ထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့ကာ ရဲစခန်း များ၊ စစ်တပ်အခြေစိုက်စခန်းများကို လွှဲပြောင်းရယူခဲ့ပြီး ယင်း မြို့ဘဏ်များမှ ဒေါ်လာသန်း ပေါင်းများစွာကို ရယူခဲ့သည်။ အဖွဲ့၏ အနက်ရောင်အလံကို အစိုးရ အဆောက်အအုံများ ပေါ်တွင် လွှင့်တင်ခဲ့ပြီး စစ်သားများ၊ ရဲတပ်ဖွဲ့ ၀င်များနှင့် အရပ်သားများ၏ အလောင်းများကို လမ်းမများပေါ် ဖြန့်ကြဲထားခဲ့သည်။
နှစ်ရက် အတွင်းမှာပင် ပြင်းထန်သော ရှာရီးယား ဥပဒေကို ချမှတ်ခဲ့ပြီး ရဲတပ်ဖွဲ့ အရာရှိများနှင့် အစိုးရ၀န်ထမ်းအချို့ကို ခြုံငုံ အပြစ်ပေး သုတ်သင်ခဲ့သည်။
အစ္စလာမ်မစ်နိုင်ငံတော်သစ်နှင့် နေရာတိုင်းမှ မွတ်စလင်များ၏ ခေါင်းဆောင်
အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာအယ်လ်ဘာ ဒါဒီက အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေများကို ‘‘ကာလီ ဖိတ်’’(သို့မဟုတ်) အစ္စလာမ်ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံတော်သစ် အဖြစ် ကြေညာခဲ့သည်။
နှစ်ပေါင်းများစွာ လူထုများကြား မမြင်ခဲ့ရသော မစ္စတာ အယ်လ်ဘာဒါဒီသည် ၂၀၁၄ ဇူလိုင်က မိုဆူးလ်မြို့ ဗလီတစ်ခု၌ တရားဟောခဲ့ပြီး ကာလီဖိတ်တွင် ၎င်း၏ အခန်းကဏ္ဍကို အခိုင်အမာ ပြောကြားခဲ့သည်။
ကာလီဖိတ်ထူထောင်ကြောင်း ကြေညာပြီးနောက် အိုင်အက်စ်အဖွဲ့က မစ္စတာ အယ်လ်ဘာဒါဒီမှာ နေရာတိုင်းမှ မွတ်စလင်များ၏ ခေါင်းဆောင်ဟု ပြော ကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း မွတ်စလင် အများစု၏ အမျက်ဒေါသ၊ တုန်လှုပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ခေါင်းဖြတ်သတ်ခြင်း
ဆီးရီးယားနိုင်ငံတွင် အင်အား ကြီးမားလာခဲ့ပြီးနောက် အိုင်အက်စ် အဖွဲ့သည် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အနောက်တိုင်းသား အနည်းဆုံး ၂၃ ဦးကို ဓားစာခံများ အဖြစ် ဖမ်းဆီး ထားခဲ့သည်။ ဓားစာခံများအား ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ၀ါဒဖြန့်လုပ်ငန်းများတွင် နယ်ရုပ် များအဖြစ် အသုံးချခဲ့သည်။
၂၀၁၂ နိုဝင်ဘာက အကျဉ်းသားအဖြစ် ဖမ်းဆီးခဲ့သော အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖော်လေအား စတင်ခေါင်းဖြတ်သတ်မှု အပါအ၀င် ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအများအပြားကို အိုင်အက်စ် အဖွဲ့က ဖြန့်ချိခဲ့သည်။
လိင်ကျေးကျွန်ပြုခြင်း
အိုင်အက်စ်အဖွဲ့သည် ၎င်းတို့ လက်အောက်ရှိ နယ်မြေများတွင် လိင်ကျေးကျွန်ပြုခြင်းနှင့် မုဒိမ်းကျင့်မှုအတွေးအခေါ်များကို ချမှတ်ကျင့်သုံးသည်။ အမျိုးသမီး များနှင့် မိန်းမငယ်လေးများကို လိင်ကျွန်ပြုခဲ့ကြပြီး အထူးသဖြင့် ယာဇီဒီ ဘာသာရေး လူနည်းစု အမျိုးသမီးများကို အသုံးချခဲ့ သည်။
အိုင်အက်စ်အဖွဲ့တွင်းနှင့် အစွန်းရောက် အတွေးအခေါ်တွင် လိင်အကြမ်းဖက်မှုမှာ နက်ရှိုင်းစွာ ပါဝင်နေသည်။ လိင်ကျွန်အမျိုး သမီးများအား ထိန်းသိမ်းရေး၊ ကြည့်ရှုစစ်ဆေးရေး၊ ရောင်းချရေး အခန်းများ ကွန်ရက်တို့ တည်ထောင် ထားသည်။ ၎င်းတို့ကို ပို့ဆောင်ရန် အထူးဘတ်စ်ကားများ ထားရှိသည်။
ယင်းကိုလည်း စည်းရုံးသိမ်း သွင်းရေးလက်နက်အဖြစ် အသုံး ချသည်။
လက်တံရှည်သောအဖွဲ့
အိုင်အက်စ်အဖွဲ့သည် ကမ္ဘာ တစ်ဝန်း လက်တံရှည်ကြောင်း ပြသခဲ့သည်။ လူမှုမီဒီယာကို အသုံးချ၍ တိုက်ခိုက်ရေး သမားများနှင့် ထောက်ခံသူများကို စုဆောင်းသည်။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှ လူငယ်လူရွယ်များ ဖြစ်သည်။ ထို့အပြင် အနည်းဆုံးနိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဂျီဟတ်အဖွဲ့ သုံးဒါဇင်ခန့်ထံမှ ထောက်ခံ ကြောင်း(သို့မဟုတ်) ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန်များ ရရှိခဲ့သည်။
အီဂျစ်နိုင်ငံ အပန်းဖြေစခန်း မြို့ရှမ်အယ်ရှိတ်မှ ထွက်ခွာလာသော ရုရှားခရီးသည်တင်လေ ယာဉ်ပျက်ကျမှုမှာ ၎င်းတို့လက် ချက်ဟု အိုင်အက်စ်အဖွဲ့က ပြော ကြားခဲ့သည်။ ယင်းတွင် လူပေါင်း ၂၂၄ ဦးသေဆုံးခဲ့သည်။ ပါရီမြို့ တွင် လူပေါင်း ၁၃၀ ကျော်သေဆုံးခဲ့သော တိုက်ခိုက်မှုနှင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် လူပေါင်း၄၃ ဦးသေဆုံးခဲ့သော တိုက်ခိုက် မှုများမှာလည်း ၎င်းတို့အဖွဲ့လက်ချက်ဖြစ်သည်။
လစ်ဗျားနိုင်ငံသည် ပြည်တွင်းစစ်ဖြစ်နေပြီး အစိုးရမဲ့နေသော အနေအထားကြောင့် စစ်သွေးကြွများ၏ အဓိက လေ့ကျင့်ရေးဌာနကြီး ဖြစ်လာသည်ဟု အနောက်တိုင်း အရာရှိများက ပြောကြားသည်။ ၂၀၁၅ ဖေဖော်ဝါရီတွင် လစ်ဗျားနိုင်ငံ ဆပ်ကမ်းခြေတွင် အီဂျစ်ခရစ်ယာန်အနည်းဆုံး ၁၂ ဦးအား တစ်ပြိုင်နက်တည်း ခေါင်း ဖြတ်နေသော ဗီဒီယိုကို အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အမေရိကန် ပါဝင်လာခဲ့သော်လည်း လမ်းလွဲခဲ့
အိုင်အက်စ်အဖွဲ့ ကျယ်ပြန့် လာမှုနှင့် အမေရိကန်ဓားစာခံများအား ခေါင်းဖြတ်သတ်သော ဗီဒီယို များအပေါ် ထိတ်လန့်တုန်လှုပ်မှု များနှင့်အတူ ၂၀၁၄ စက်တင်ဘာ တွင် အီရတ်ရှိ အိုင်အက်စ်အဖွဲ့ အပေါ် အမေရိကန်နိုင်ငံက စစ် ဆင်ရေးများ စတင်ခဲ့သည်။
ကနဦး အစီအစဉ်မှာ အာဆတ်အစိုးရကို မဟုတ်ဘဲ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းရေး စိတ်ပိုင်းဖြတ်ထားသော ဆီးရီးယားရှိ အလယ်အလတ်ဝါဒီသူပုန်များ အား လေ့ကျင့်ပေးရေး ကန်ဒေါ် လာ သန်း ၅၀၀ သုံးစွဲရန် ဖြစ်သည်။
ယင်းမဟာဗျူဟာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး နောက်ဆုံးတွင်လည်း ကျရှုံးခဲ့ သည်။ ဆီးရီးယားသူပုန်အနည်း ငယ်ကိုသာ လေ့ကျင့်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် အမေရိကန်က ထောက်ပံ့ပေးလိုက်သော လက်နက်များကို အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ တစ်ခုဖြစ်သော နူဆာရာ တပ်ဦးထံ အပ်နှံခဲ့သည်ဟု ဆိုသည်။ ယင်းအစီအစဉ်ကို ရပ်ဆိုင်းတော့မည် ဟု အိုဘားမားအစိုးရက ကြေညာခဲ့ရသည်။
ရုရှားလည်း စစ်ပွဲတွင် ပါဝင်လာ
ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်၏ အားကောင်းသော မဟာမိတ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ခန့်မှန်း၍ မရသော ကမ္ဘာ့အင်အားကြီး ရုရှား နိုင်ငံသည် စက်တင်ဘာတွင် စစ်ပွဲတွင် ပါဝင်လာခဲ့ပြီး ရှုပ်ထွေးသော ပဋိပက္ခတွင် အန္တရာယ်ရှိ သော အခြင်းအရာ တစ်ခုအဖြစ် ပါဝင်လာခဲ့သည်။
ဆီးရီးယားနိုင်ငံ လာတာကီယမြို့အနီး လေတပ်အခြေစိုက် စခန်းသို့ တပ်ဖွဲ့များနှင့် ပစ္စည်းကိရိယာအမြောက်အမြား ရုရှားက ပေးပို့စေလွှတ်ခဲ့သည်။
သူပုန်တိုက်ခိုက်ရေး သမားများကို လေကြောင်းမှ ထိုးစစ်များ စတင်ခဲ့သည်။ အမေရိကန်က လေ့ကျင့်ပေးသော သူပုန်များကို လည်း တိုက်ခိုက်ခဲ့သည်။
ရုရှား၏ ကြားဝင်ဖြေရှင်းမှုမှာ အခြေခံအားဖြင့် အိုင်အက်စ်နှင့် အလွမ်းမသင့်သော သူပုန်များကိုလည်း ပစ်မှတ်ထားခဲ့ရာ ယခင် ၎င်းသူပုန်များ ထိန်းချုပ်ထားသော နယ်မြေများ၌ အိုင်အက်စ်အဖွဲ့က ထိန်းချုပ် လာနိုင်ခဲ့သည်။
နောက်ပိုင်းတွင်မူ ရုရှားက အလယ်အလတ်သူပုန်များအား လေကြောင်း အကာအကွယ်ပေး၍ အိုင်အက်စ် အဖွဲ့ကို အဓိကထား တိုက်ခိုက်မည်ဟု ဆိုလာခဲ့သည်။
ပါရီမြို့တွင် လူပေါင်း ၁၃၀ သေဆုံးသော တိုက်ခိုက်မှုများသည် ၎င်းတို့ လက်ချက်ဟု အိုင်အက်စ်အဖွဲ့က ပြောကြားပြီး နောက်တွင် ပြင်သစ်ကလည်း အုံနှင့် ကျင်းနှင့် တိုက်ခိုက်မှုများ စတင်ကာ အိုင်အက်စ်မြို့တော်ဟု နာမည်ထွက်နေသော ရက်ကာမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးလုပ်ငန်း များအတွက် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး ချားလ်စ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကြီးကို အရှေ့အလယ်ပိုင်းဒေသ သို့ စေလွှတ်ခဲ့သည်။
—Ref:How ISIS Expanede its Threat.By; NY. Times
Source : 7 Day Daily

0 comments:
Post a Comment