Thursday, January 14, 2016

ဆေးမလိုဘဲ ဝိတ်ကျကိုကျမယ့် နည်းလမ်း




၁) ပြေးပါ

နေ့တိုင်းပုံမှန် ပြေးပါ။ အထူးသဖြင့် ညနေပြေးတာနဲ့ စာရင် မနက်ခင်း စောစောကို ထပြေးပါ။ လေကောင်းလေသန့် ရှုပါ။ ပြေးပြီးနောက် မနက်စာကို ဝဝစားပါ။

၂) ကြိုးခုန်ခြင်းနှင့် အခြားလေ့ကျင့်ခန်း လုပ်ပါ

တစ်ပတ် မှာ ၄ ရက်လောက် ကြိုးခုန်းပါ။ ပြီးနောက် ရေကူးပါ။ အခြားသော အကြောလျော့ လေ့ကျင့်ခန်း ဗိုက်လေ့ကျင့်ခန်း အချို့ကို လုပ်ပေးပါ။

၃) ညနေ ၅ နာရီကျော်တာနဲ့ မစားပါနဲ့

ညနေ ၅ နာရီကျော်တာနဲ့ အစားများကို မစားပါနဲ့တော့။ ၅ နာရီမကျော်ခင် မိမိစားချင်တဲ့ အစားအစာများပို စားပါ။

၎) အထိုင်မများအောင် ဂရုစိုက်ပါ

အထိုင်များတဲ့ အလုပ်မျိုးလုပ်နေရတယ်ဆိုရင် အထိုင်မများအောင် ဂရုစိုက်နေပေးပါ။ တစ်နာရီကြာတိုင်း လမ်းလျောက်ခြင်းဖြင့် အထိုင်မများအောင် ကာကွယ်နိုင်ပါတယ်။

၅) အဆီအစိမ့်စားခြင်းကို လျော့လိုက်ပါ

အဆီအစိမ့် ဖြစ်စေမယ့် အစားအစာများကို မိမိပိန်ဖို့ အတွက် ကြိုးစားနေတဲ့ အချိန်မှာ လျော့လိုက်ခြင်းဖြင့် ပိန်ဖို့အတွက် အတော်လေး နီးကပ်လာပါလိမ့်မယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.