ကိုယ့်ချစ်သူမှာ ဒီလိုအချက်လေးတွေကို ပိုင်ဆိုင်ထားရပြီ ဆိုရင် တန်ဖိုးထားဆက်ဆံဖို့ မမေ့လိုက်နဲ့နော်။
၁) ကိုယ်နဲ့အဆက်သွယ်ပြတ်မှာ ကြောက်ရွံ့တဲ့သူ
၂) ကိုယ်နဲ့စကားလေးပြောရရင်ကို ကျေနပ်နေတဲ့သူ
၃) စားကောင်းသောက်ကောင်း ကိုယ့်ကိုယ်စားစေချင်တဲ့သူ
၎) မြတ်မြတ်နိုးနိုးနဲ့ ခေါ်ဝေါ်ပြောဆိုတတ်တဲ့သူ
၅) အရက်ဘီယာ မသောက်စေချင်တဲ့သူ
၆) အမြဲကိုယ့်ကို သတိတရရှိနေတတ်တဲ့သူ
၇) ကိုယ့်လက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ပြီး စိတ်ပူတတ်တဲ့သူ
၈) ကိုယ်တစ်ယောက်တည်း ခရီးသွားလာရတဲ့အခါမျိုးတွေမှ စိတ်ပူပေးတဲ့သူ။
၉) ကိုယ့်ရဲ့အပြင်ပန်းရုပ်သဏ္ဍာန်ထက် အတွင်းစိတ်ကို ပိုပြီးသဘောကျတဲ့သူ။
၁၀) အခက်ခဲကြုံလာတိုင်း မဖြေရှင်းပေးနိုင်ရင်တောင် အားပေးနေတတ်တဲ့သူ။
၁၁) ကိုယ့်ပေါ်လေးစား တန်ဖိုးထားတဲ့သူ ။
၁၂) ဒေါသထွက်လာရင်တောင် လေသံထိန်းပြီးပြောတတ်တဲ့သူ။
၁၃) နေမကောင်းဖြစ်တဲ့အခါ စိတ်ပူပေးတတ်တဲ့သူ။
၁၄) ကိုယ့်ရဲ့ အားနည်းချက်တွေ ၊ ချို့ယွင်းချက်တွေ သိနေရင်တောင် တန်ဖိုးထား ချစ်ခင်တဲ့သူ။
၁၅) အဖေတစ်ယောက်လို အကိုတစ်ယောက်လို မောင်တစ်ယောက်လို စောင့်ရှောက်ပေးတတ်တဲ့သူ။
၁၆) ကိုယ့်ရဲ့ မိသားစုပေါ် လေးစားပေးတဲ့သူ။
၁၇) ကိုယ့်စိတ်ဆိုး ဒေါသထွက်ချိန်မှာ အလိုက်တသိ ငြိမ်နေပေးတဲ့သူ။
၁၈) အကြိမ်ကြိမ်ခါ ကိုယ်လမ်းခွဲမယ်ဆိုတိုင်း ကိုယ့်အနားကနေ ထွက်ခွာမသွားတဲ့သူ။
၁၉) ကိုယ်နံမည်ပျက်မှာ စိုးရိမ်တတ်တဲ့သူ။
Credit : ချစ်တဲ့… မနုဿ

0 comments:
Post a Comment