ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လူးဝစ်ဗန်ဟားလ်၏နေရာတွင် ဟိုဆေး မော်ရင်ညိုကို ချက်ချင်း အစားထိုး ခန့်အပ်တော့မည့် သတင်းများ ထွက်ပေါ်
ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း၏နည်းပြ လူးဝစ်ဗန်ဟားလ်၏နေရာတွင် ချဲလ်ဆီးနည်းပြဟောင်း ဟိုဆေး မော်ရင်ညိုကို ယခု ဖေဖော်ဝါရီလအတွင်း ချက်ချင်း အစားထိုး ခန့်အပ်တော့မည့် သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဆန်းဒါးလန်းနှင့်ပွဲစဉ်အပြီးအင်တာဗျူးတစ်ခုတွင် လူးဝစ်ဗန်ဟားလ်မှ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း နေရာအတွက် အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည့် မှတ်ချက်စကားက မန်ချက်စတာယူနိုက်တက်အသင်း၏ ဘုတ်အဖွဲ့ကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ မန်ယူအသင်းကဲ့သို့ ဥရောပထိပ်သီးအသင်းတစ်သင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကို မဖြစ်မနေရရှိရန် လိုအပ်လျက်ရှိပြီး ယင်းအတွက် အာမခံချက် မပေးနိုင်တော့သည့် နည်းပြ လူးဝစ်ဗန်ဟားလ်ကို ထုတ်ပယ်ရန် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း ဘုတ်အဖွဲ့သည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းက အသင်းအတွက် လိုအပ်သည့်ကစားသမားခေါ်ယူနိုင်ရန် နည်းပြ လူးဝစ်ဗန်ဟားလ်ကို ငွေကြေးပမာဏ ပေါင်သန်း ၂၅၀ အထိ အသုံးပြုခွင့်ပေးခဲ့ပြီး ယခုရာသီကုန်ခါနီးအချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရခြင်းအပေါ် ဘုတ်အဖွဲ့မှ စိတ်ပျက်လျက်ရှိကြောင်း သိရသည်။
ရည်ညွှန်း ~ သည်ဆန်း
By : AKZ

0 comments:
Post a Comment