Monday, January 18, 2016

တစ်လင်တစ်မယားဥပဒေနဲ့ ရန်ကုန်မှာ (၄) လအတွင်း (၄၅)ဦး အရေးယူခံခဲ့ရ

တစ်လင်တစ်မယားဥပဒေနဲ့ ရန်ကုန်မှာ (၄) လအတွင်း (၄၅)ဦး အရေးယူခံခဲ့ရ


တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်းပြီး ၄ လအကြာမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမှုပေါင်း ၄၅ မှု အထိ အရေးယူခဲ့ရတယ်လို့  တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ မှုခင်းစာရင်းတွေအရ သိရပါတယ်။ ဒီထဲမှာ ၃၄ မှု ထဲက အမျိုးသား ၃၀ ဦး နဲ့ အမျိုးသမီး ၄ ဦး ကျူးလွန်ခဲ့တယ်လို့ သိရပြီး ကျန် ၁၁ မှု မှာတော့ အမျိုးသား အမျိုးသမီး ခွဲခြား မသိရသေးပါဘူး။    ဒီအမှုတွေဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်အနက် (၂၂) မြို့နယ်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အမှုတွေမှာ လှိုင်သာယာမြို့နယ်က အများဆုံးဖြစ်ပွား နေတယ်လို့လည်း သိရပါတယ်။

တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကိုတော့ ပြည်ထောင်စုလွှတ်တော်က နေ ၂၀၁၅ ခုနှစ်သြဂုတ်လ (၃၁) ရက်မှာ စတင်ပြဌာန်းခဲ့တာပါ။  နှစ်ကုန်ထိ ၄ လတာ ကာလအတွင်း အရေယူထားတဲ့ အမှုပေါင်း ၄၅ မှုထိရှိပြီး အမျိုးသားတွေက အများဆုံးကျူးလွန် ခဲ့တာလည်း ဖြစ်ပါတယ်။ဒီလို အမှုတွေဟာ ဒီဘက် ၂၀၁၆ ခုနှစ်မှာလည်း တိုင်တန်းမှုတွေ ရှိနေပြီး ဆက်လက် အရေးယူနေရဆဲလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိတစ်ဦင်္းကပြောပါတယ်။    ဒီဥပဒေနဲ့ပတ်သတ်ပြီး ပြစ်ဒဏ်တွေအနေနဲ့ ဥပဒေနဲ့သက်ဆိုင်တဲ့ ပုဒ်မတွေအလိုက် (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမယ့် အပြင် ငွေဒဏ်လဲချမှတ်နိုင်ပါတယ်။ဒါ့အပြင် ယောက်ျား (သို့မဟုတ်) မိန်းမ တစ်ဦးဦးက အိမ်ထောင်ရှိတာကို ထိန်ချန်ပြီး ထပ်မံထိမ်းမြှားလက်ထပ် ကျူးလွန်ရင်လည်း (၁၀) နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လဲချမှတ်နိုင်ပါတယ်။
Ref - MRTV-4

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.