Monday, January 18, 2016

ကယားပြည်နယ်နေ့ဖျော်ဖြေပွဲမှာ ပရိတ်သတ်က ခဲနဲ့ပေါက်ခံရတဲ့ ဇွန်သဉ္ဇာ



ကယားပြည်နယ်နေ့ အခမ်းအနား သို့ တက်ရောက် ဖျော်ဖြေသည့် ဇွန်သဉ္ဇာ ၏
ဖျော်ဖြေမှုကို မနှစ်သက်သဖြင့် ဒေသခံအချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း
လွိုင်ကော် ဒေသခံများထံမှ သိရသည်။
၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ပြည်နယ်
အားကစားကွင်းတွင် ဇန်န၀ါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ဇန်န၀ါရီ
၁၈ ရက် ညပိုင်းဖျော်ဖြေမှုတွင် Sexy Model ဇွန်သဉ္ဇာ က ခေတ်ဆန်သော
ဝတ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့ရာ ပရိသတ်အချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်း
ဖြစ်သည်ဟု အဆိုပါဖျော်ဖြေပွဲသို့ သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံအမျိုးသမီး
တစ်ဦးက The Ladies သို့ပြောသည်။
“ဇွန်သဉ္ဇာ က ခုံယူပြီး ကတဲ့အချိန် စင်အောက်ကနေ ခဲနဲ့ပေါက်တာပေါ့။ ပြီးတော့
သူဝတ်ထားတာ ကလည်း ဘောင်းဘီ တိုတိုလေးနဲ့ ကပြတာဆိုတော့ အဲ့လို
ပေါက်တာတောင် စင်ပေါ်ကနေ ပေါက်ချင်လည်း ထိအောင်ပေါက်လို့ ပြောတော့
ထပ်ပေါက်တာပေါ့။ မျက်ခုံးထိသွားတယ်လို့ တော့ ကြားလိုက်တယ်။ ဇာဇာထက်
လည်း ပါပေမယ့် ဇွန်သဉ္ဇာ ခဲနဲ့ပေါက်ခံရတယ်ဆိုတော့ စင်ပေါ်တက်မလာတော့ဘူး”
ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ကယားပြည်နယ်နေ့ကို လွန်ခဲ့သည့် ၁၉၅၂ ခုနှစ် ပါလီမန်အစိုးရ လက်ထက်က
ကရင်နီပြည်ဆိုသည့် အမည်မှ ကယားပြည်နယ်အဖြစ် သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်
ဇန်န၀ါရီ ၁၅ ရက်နေ့ကို အစွဲပြု၍ ပြည်နယ်နေ့အဖြစ် သတ်မှတ် ပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် က ကရင်နီပြည်
အဖြစ် သီးခြားရှိခဲ့ပြီး၊ ၁၉၄၈ ခုနှစ် နောက်ပိုင်း ကရင်နီပြည် အမည်ကို ကယား
ပြည်နယ်အဖြစ် တိုင်းပြုပြည်ပြု လွှတ်တော်မှ ပြောင်းလဲခဲ့ခြင်း ဖြစ်သော်လည်း
သီးခြားကရင်နီပြည်အဖြစ် ဆက်လက် ရပ်တည်လိုသည့် အဖွဲ့များလည်း ကျန်ရှိနေ
သေးသည်။
" ကျွန်တော်တို့ တိုင်းရင်းသား ဒေသမှာက ရှေးရိုးစွဲလေးတွေလည်း ရှိသေးတယ်။
ဒီလို ပြည်နယ်နေ့ အခမ်းtနား ဖျော်ဖြေပွဲမှာ ခေတ်ဆန်လွန်းတာတွေကို စင်တင်
တော့ နဂိုကတည်းက ပြည်နယ် အမည်နာမကို တောင် မနှစ်သက်တဲ့ ပြည်သူ
အချို့က စိတ်ဆိုးတာလည်း ပါတာပေါ့လေ။ ဒီကြားထဲ ဇွန်သဉ္ဇာက ပေါက်ရင်
ထိအောင်ပေါက်ကြလို့ ပြောတော့ ပွဲဆူကုန်တာပေါ့ " ဟု လွိုင်ကော်မြို့ခံ
ကိုနေအေးက ပြောသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.