Tuesday, January 19, 2016

ပွဲထွက်ခွင့်ပျောက်နေသောကြောင့် အင်တာမီလန်မှ မန်ယူကစားသမားဟောင်းဗီဒစ်ထွက်ခွာ



ဇန်နဝါရီ ၁၉၊ မီလန် ။            ။ ယခုနှစ်ဘောလုံးရာသီတွင် ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေသော နောက်ခံလူ ဗီဒစ်သည် အင်တာမီလန်အသင်းနှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆားဗီးယားလက်ရွေးစင်နောက်ခံလူဟောင်းသည် ၂၀၁၄ တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူမှပြောင်းလာခဲ့ ပြီး ယမန်နှစ်ဘောလုံးရာသီက ၂၈ ပွဲကစားခွင့်ရခဲ့သည်။

"အင်တာမီလန်မိသားစုနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အင်တာမီလန်အသင်းအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါ တယ်"ဟု ဗီဒစ်က ပြောသည်။

ဗီဒစ်သည် မန်ယူအသင်းတွင် ရှစ်ရာသီကြာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်နှင့် ကလပ်ကမ္ဘာ့ဖလားအပါအဝင် အခြား သောဆုဖလားများ ရရှိခဲ့သည်။

ယင်းကစားသမားကို အမေရိကန်ကလပ်များက မေဂျာလိဂ်ဘောလုံးရာသီစတင်မည့် မတ်လမတိုင်မီခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းထွက်နေသော်လည်း အသင်းသစ်နှင့်ပတ်သက်ပြီး ဗီဒစ်က ပြောဆိုရန်ငြင်းဆန်ခဲ့သည်။

Ref; goal.com

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.