စပိန်နိုင်ငံရဲ့ထူးခြားတဲ့ဘာသာရေးပွဲတော်တစ်ခု
နှစ်စဉ်ကျင်းပနေတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ စပိန်ရိုးရာ ‘မီးပုံဖြတ်ကျော်မြင်းစီးပွဲတော်’ကို နှစ်ဦး အစောပိုင်းမှာ ကျင်းပလေ့ရှိပါတယ်။
ဒီပွဲဟာ ဒေသဆိုင်ရာ ဘာသာရေးပွဲတစ်ခုဖြစ်ပြီး နှစ်ပေါင်း(500) ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းပွဲတစ်ခု ဖြစ်ပါတယ်။ဒီပွဲကို မက်ဒရစ်မြို့နဲ့ မိုင်ခြောက်ဆယ်အကွာ San Bartolome de Pinares ဆိုတဲ့ ရွာလေးမှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး ဒေသခံတွေ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒေသ ခံလူမျိုးတွေဟာ သူတို့ရဲ့မြင်းတွေနဲ့အတူ လောင်ကျွမ်းနေတဲ့ မီးပုံထဲကနေ ဖြတ်ပြီး မောင်းထွက်လာကြတဲ့ ရိုးရာပွဲဖြစ်ပါတယ်။သူတိုရဲ့ ယုံကြည်မှုအရ မီးခိုးနဲ့ မီးတောက်တွေဟာ တိရစ္ဆာန်တွေကို သန့်စင်မှုတွေနဲ့ ဘေးအန္တရာယ်ကနေ လာမယ့်နှစ်အတွက် အကာအကွယ်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီလိုပွဲနဲ့ နည်းတူပဲ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ St Anthony ပွဲတော်ဟာလည်း မြင်းကောင်ရေငါးရာခန့် ကျောက်ခင်းလမ်းပေါ်မှာ စီးနင်းတဲ့ ပွဲတော်ဖြစ် ပါတယ်။ ဒီပွဲကို ကျင်းပခြင်းဖြင့် တိရစ္ဆာန်တွေ ကပ်ရောဂါတွေ မကျရောက်ဘူးလို့ ယူစကြပါတယ်။
ညသန်းခေါင်အထိ မြင်းစီးပွဲ ကျင်းပကြပြီး၊ ပျော်စရာပါတီပွဲကိုတော့ နေထွက်ချိန်အထိ ကျင်းပလေ့ရှိပါ တယ်။ ဒီပွဲဟာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအဖို့ မျက်စိစပါးမွေး စူးစရာပွဲတစ်ခုဖြစ်ပြီး ပွဲတော် မကျင်းပဖို့အထိ ဖိအားပေးဖို့ စီစဉ်နေကြပေမယ့် ဒေသခံတွေကတော့ ဒီပွဲကြောင့် ဘယ်တိရစ္ဆာန်မှ နာကျင်မှု ပျက်ဆီးမှုမရှိဘူးလို့ ဆိုပါတယ်။ ဒီ ‘မီးပုံဖြတ်ကျော်မြင်းစီးပွဲတော်’ဟာ စိပိန်နိုင်ရဲ့ပွဲတော်တွေ ထဲက မီးနဲ့ပတ်သက်တဲ့ ရှားရှားပါးပါး ပွဲတော်ဖြစ်ပါတယ်။
MOM
Source: mirror



0 comments:
Post a Comment