တမူးမြို့တွင်လူတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
တမူးမြို့ တွင်လူတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
အိန္ဒိယမြန်မာ နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည် တမူးမြို့တွင် ဈေးလမ်း ၃ လမ်းတွင်နေထိုင်သော
အသက် ၄၅ နှစ်အရွယ် ဦးမောင်မောင်သည် သေနတ်သုံးချက်ဖြင့် ပစ်သတ်ခံခဲ့ရသည်မှာ မှန်ကန်
သည်ဟု မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဦးမောင်မောင်သည် ဈေးတန်းရှိ ရွှေမြို့တော်ဆီဆိုင်တွင် ပစ်ခတ်ခံရခဲ့ခြင်းဖြစ်ပြီး မည်သူပစ်သတ်
သွားသည်ကို လမ်းသွားလမ်းလာများက သတိမမူမိခဲ့ကြဟု ၎င်းက ဆိုသည်။

"အကုန်လုံးက ဝေေ၀၀ါးဝါးပဲ။ တိတိကျကျ မဖြေဘူး။ ကျနော်တို့အနေနဲ့ ဘယ်သူတွေ ပစ်ခတ်တယ်
ဆိုတာ အကြမ်းဖျင်းအားဖြင့် သိထားပေမယ့် ပြောခွင့်မရှိပါဘူး" ဟု ၎င်းက ဆိုသည်။

နယ်စပ်ဒေသဖြစ်သည့်အားလျော်စွာ ၎င်းတာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်လုပ်ဗုံး ၃ ကြိမ်
ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ မြို့ပေါ်လူမြင်ကွင်းတွင် ပစ်ခတ်ခံရမှုသည် ယခု ပထမအကြိမ်ဖြစ်ကြောင်း
အဆိုပါ တာဝန်ရှိသူက ဆိုသည်။ "တရားဝင်ဂိတ်ကလာတယ်ဆိုရင် စစ်ဆေးဖို့လွယ်တာပေါ့။ ဒါပေမယ့်
တမူးက အိန္ဒိယနဲ့ ထိစပ်နေတာ မိုင် ၉၀ လောက်ရှိ တယ်။ တရားမ၀င်ဂိတ်တွေကလည်း အများကြီး
ပဲလေ။ ထိန်းချုပ်ဖို့ ခဲယဉ်းပါတယ်" ဟု ၎င်းက ဆိုသည်။

အထက်ချင်းတွင်းလူငယ်ကွန်ယက်မှ ကိုကျော်သက်ဝင်းက ထိုသို့ပစ်ခတ်မှုများ ရံဖန်ရံခါ
ဖြစ်ပွားလေ့ရှိကြောင်း၊ သို့သော်လည်း မြို့ပေါ်တွင် ဖြစ်ပွားခြင်းသည် ယခုပထမအကြိမ်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။

0 comments:
Post a Comment