Wednesday, January 27, 2016

ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ





– ခြင်မှတစ်ဆင့်ကူးစက်ပြီး ကုသနိုင်သည့်ဆေး မရှိသေးသည့် ဇီကာဗိုင်းရပ်စ် ရှိနေသူတစ်ဦးကို တွေ့ရှိခဲ့ရသည်ဟု ဒိန်းမတ်နိုင်ငံက ယနေ့တွင် ကြေငြာခဲ့ကာ အီတလီ၊ စပိန်၊ ယူကေနှင့် ဆွစ်ဇာလန်နိုင်ငံများပြီးနောက် အဆိုပါဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ၅ ခုမြောက် ဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

ကူးစက်သူမှာ မကြာသေးမီကမှ ရောဂါပိုး ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရာ တောင်အမေရိကနှင့် အလယ်အမေရိကသို့ သွားရောက်ခဲ့သူဖြစ်ပြီး အဖျားကဲ့သို့ လက္ခဏာများကို တွေ့ခဲ့ရပြီးနောက် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အီတလီတွင် ကူးစက်သူအများအပြားရှိနေပြီး ၎င်းတို့မှာ လက်တင်အမေရိကမှ ဗိုင်းရပ်စ်ပိုး ကူးစက်လာခြင်းဖြစ်ကာ စပိန်တွင် ကူးစက်သူ ၂ ဦး၊ ယူကေတွင် ၃ ဦးနှင့် ဆွစ်ဇာလန်တွင် ၂ ဦး ရှိနေသည်။

လက်ရှိအချိန်တွင် ဇီကာရောဂါပိုး အများဆုံး ကူးစက်ပြန့်ပွားနေသည့် နိုင်ငံများမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်နိုင်ငံတို့ဖြစ်ကြပြီး၊ အာရှတွင်လည်း ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါပိုးကူးစက်နေသူများကို တွေ့ရှိရသည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေငြာခဲ့သည်။

အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ အသက်သေဆုံးမှုကို မဖြစ်ပေါ်နိုင်သော်လည်း ဦးနှောက်ပျက်ဆီးကာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မသန်စွမ်းဖြစ်ခြင်း စသည့် ဝေဒနာများကို ခံစားရနိုင်သည်။

Ref : RT

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.