Wednesday, January 27, 2016

အမျိုးသမီးကိုလိမ်လည်ခေါ်ဆောင်ပြီးမုဒိန်းကျင့်သူကိုဖမ်းမိ



အသက် ၅၇နှစ် မစ်စတာစုရတ် ထန်ယာနွန်ဆိုတဲ့ ထိုင်းအမျိုးသား တစ်ဦးသည် သူ့ကိုယ်သူ မော်ဒယ်လင်း(Modeling) ဆိုပြီး လှပချောမောသောကျောင်းသူမလေးတွေကိုလိမ်လည် ခေါ်ဆောင်မှုပြုလုပ်နေပါတယ်။ အဆိုတော် လုပ်မလား သရုပ်ဆောင် မင်းသမီးလုပ်မလား ကြော်ငြာ မင်းသမီးလုပ်မလား အကသမားလုပ်မလား အနုပညာလောကမှာ သူပိုင်တယ် သူက (Modeling) သူအဆက်အသွယ် များတယ်ဆိုပြီး အမျိုးသမီးချောလေးတွေကို ဆွဲဆောင်ပြောဆိုပြီး စိတ်ဝင်စားသော အမျိုးသမီးတွေကို ကားပေါ်တက်ခိုင်းကာ တနေရာရောက်တော့ မုဒိန်းကျင့်လေ့ရှိပါတယ်။

 ဘယ်ကောင်မလေးချောလဲဆိုတာ ဖေ့ဘွတ်ပေါ်မှာ လိုက်ကြည့်ခြင်း အဖြူရောင် ဟွန်ဒါ ကားတစ်စီးနဲ့ စာသင်ကျောင်းပတ်ဝန်းကျင်မှာ လိုက်လံကြည့်ရှုခြင်းဖြင့် အပြောအဆိုလည်းကောင်းတဲ့အတွက် အမျိုးသမီးလေးအတော်များများ ပါသွားခဲ့ဖူးပါတယ်။

 ဒီနေ့ ဇန်န၀ါရီလ ၂၇ရက်နေ့ ၂၀၁၆ခုနှစ်မှာဆိုရင် ဘန်ကောက်မြို့အ၀င် ဖျူးကျောပတ် ရန်ဆစ်ကုန်တိုက်မှာ ၎င်းလူဆိုးကို ဖမ်းဆီးရမိပါတယ်။

 ဒါလည်းသင်ခန်းစာတခုဖြစ်ပါတယ် အဆိုတော် သရုပ်ဆောင်မင်းသမီးဖြစ်ချင်သောအမျိုးသမီးများအတွက် နာမည်ကျော်ကြားမည့်အစား ဘ၀ပျက်ဆီးသွားတာများပါတယ်။

 နောက်ပြီးဖေ့ဘွတ်ထဲမှာ မျက်နှာလှလှလေးဖြစ်စေ အ၀တ်အစား တိုတိုလေးဖြစ်စေ တင်မိပါက ကံမကောင်းဖြစ်ခဲ့လျှင် လူဆိုးရဲ့သားကောင်ဖြစ်စေပါတယ်။ အမျိုးသမီးများအတွက် သတိထားသင့်ပါတယ်

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.