အမျိုးသမီးဝန်ထမ်းတစ်ဦးအား လူမြင်ကွင်းရှေ့ မတ်တတ်ရပ်အပြစ်ပေးခဲ့သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီဌာနမှူးကိုတရားစွဲ
အမျိုးသမီးဝန်ထမ်းတစ်ဦးအား လူမြင်
ကွင်းရှေ့ မတ်တတ်ရပ်အပြစ်ပေးခဲ့သည့်
မြန်မာဝမ်ပေါင်ကုမ္ပဏီဌာနမှူးကိုတရားစွဲ
မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီမှ ၀န်ထမ်း အမျိုးသမီးတစ်ဦးက ၎င်းကိုအဆို ပါ ကုမ္ပဏီ ဌာနမှူးက အများသူ ငါရှေ့တွင် တစ်ရက်လျှင်ရှစ်နာရီကြာ သုံးရက်တိုင်တိုင် မတ်တတ်ရပ်နေရန် အပြစ်ပေးခဲ့သဖြင့် မတရား ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ ဆားလင်းကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဝမ်ပေါင်ကြေးနီထုတ် လုပ်ရေးကုမ္ပဏီ ဌာနမှူးက ဌာနမှူးလုပ်ပိုင်ခွင့်ကိုသုံး၍ ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ၁၁ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ယင်းသို့ မတ်တတ်ရပ်အပြစ်ပေးသည်ကိုမကျေနပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘အဲဒီရက်ပိုင်း (နိုဝင်ဘာလ ဆန်းပိုင်း)က ဌာနအလိုက်
ပြိုင်ပွဲ၊ ဆုပေးပွဲတွေလုပ်တယ်။ အဲဒီရက် က ကျွန်မနားရက်။ ဒါပေမဲ့ကျွန်မ ဆုပေးပွဲကို မတက်နိုင်တဲ့အကြောင်းကိုလည်း ခွင့်တိုင်ခဲ့တယ်။ ဆုပေး
ပွဲ၊ ပြိုင်ပွဲမှာ မလာလို့ဆိုပြီး ပုံမှန်အလုပ်ဆင်းချိန်ကို ဆင်းခွင့်မပြုတော့ဘဲ အချိန်ပြောင်းဆင်းရတယ်။ သုံးရက်တိုင်တိုင် စားသောက်ခန်းထဲ အများသူငါရှေ့မှာ တစ်ရက်ရှစ်နာရီမတ်တတ်ရပ်အပြစ်ပေးခဲ့တာပါ’’ ဟု တရားလိုပြုလုပ်တိုင်ကြားခဲ့သော မြန်မာဝမ်ပေါင်ကုမ္ပဏီ Coffee Room Keeper ၀န်ထမ်း မကြည်ကြည်မေက ပြောသည်။ ယင်းသို့ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်အပြစ်ပေးမှုကြောင့် ၀န်ထမ်းအမျိုးသမီးမှာ ခြေထောက်နာကျင် ဒဏ်ရာများဖြစ်ပေါ်ခဲ့သဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီအလုပ်သမား အဖွဲ့အစည်းများအကူအညီဖြင့် ဆေးဝါးကုသမှု ခံ ယူခဲ့ရသည်။ ယင်းနောက်လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ်ကိုင်ရာတွင်လည်း ဖိနှိပ်မှုများကြောင့်ကြောက်ရွံ့ခြင်း၊ စိတ်ငြိုငြင်ခြင်းများခံစားခဲ့ရကြောင်း မကြည်
ကြည်မေက ဆက်လက်ပြောကြားသည်။
‘‘၀န်ထမ်းတွေအနေနဲ့ မတ ရားအပြစ်ပေးခံရတာကိုသက်ဆိုင် ရာကိုတင်ပြတယ်။ ကုမ္ပဏီတာ ၀န်ရှိသူတွေဘက်က ဖြေရှင်းပေး တာမရှိတဲ့အတွက် တရားရုံးမှာ တက်တိုင်ရတယ်။ တိုင်တဲ့သူကို ရာထူးတိုးပြီး ဌာနပြောင်းပေးမယ် ပြောတယ်။ ဒေသခံအလုပ်သမား တွေအနေနဲ့ ဖိနှိပ်မှုကတော့ ရှိနေ ဆဲပါ’’ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာဒေသခံတောင် သူလယ်သမားများအရေး ဆောင် ရွက်နေသူတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၂၊ ၃၅၄ အရ ဇန်န၀ါရီ ၅ ရက်တွင် စွဲဆိုလျှောက်ထားခဲ့ ပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီဘက် သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
0 comments:
Post a Comment