Friday, January 8, 2016

သမဝါယမဘဏ် (CB Bank) ၏ မိုဘိုင်းဘဏ်စနစ် (Mobile Banking) အား မည့်သည့်ဆင်းမ်ကတ် အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပြီ



သမဝါယမဘဏ် (CB Bank) ၏ မိုဘိုင်းဘဏ်စနစ် (Mobile Banking) အား မည့်သည့်ဆင်းမ်ကတ် အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်း Easi Mobile Banking အသုံးပြုလိုသူများအနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်ခွဲများတွင် မှတ်ပုံတင်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ ယခင်က ဆင်းမ်ကတ်အမျိုးအစား အချို့တွင်သာ အသုံးပြုနိုင်ရာမှ ယခုအခါ အမျိုးအစားများအားလုံးဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မိုဘိုင်းဘဏ်စနစ်ကို သမဝါယမဘဏ်အပြင် အခြားဘဏ်များတွင်လည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ သမဝါယမဘဏ်အနေဖြင့် မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ်များထားရှိ၍လည်း ငွေလွှဲခြင်းအပါအဝင် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
Easi Mobile Agent မှ ငွေလွှဲထုတ်ယူခြင်း၊ ငွေလွှဲခြင်း၊ Deposite Accound ထဲသို့ ငွေသွင်းခြင်းတို့ ဆောင်ရွက်အသုံးပြုနိုင်မည်ဖြစ်ပြီး ATM စက်များတွင် ငွေထုတ်ယူ သုံးစွဲနိုင်သကဲ့သို့ Easi Mobile Agent များတွင်လည်း ငွေထုတ်ယူနိုင်ခြင်းတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါဝန်ဆောင်မှုကို မြို့ငယ်များနှင့် ရွာများတွင် အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Tags: 

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.