Friday, February 12, 2016

ပဲကြီးလှော်အပါအ၀င် စားသောက်ကုန် ၁၉ မျိုး စားသုံးရန်မသင့်ဟု ကြေညာ




ပဲကြီးလှော်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရှာလကာရည် စတဲ့ စားသောက်ကုန် ၁၉ မျိုးမှာ ဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
စိန်တောင်၊ ၀င်း၊ ဌေးဌေး၊ မို့မို့၊ ရွှေနန်းတော်၊ မုံရွာသား စတဲ့ အမှတ်တံဆိပ်ပါ ပဲကြီးလှော်ထုပ်တွေမှာ ခွင့်မပြု ဆိုးဆေးတွေ သုံးထားလို့ စားသုံးရန်မသင့်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် Bull အချိုရည်၊ ၀ိုင်းချစ် ငရုတ်ဆီ၊ ကျော်ကျော်၊ ဓူဝံတံဆိပ်ပါ ငရုတ်ပွအရောင်တင်မှုန့်၊ ရှမ်းလေး ဂျုံခေါက်ဆွဲ၊ ဆတ်မင်း ငရုတ်ဆီ စတဲ့ စာေးသာက်ကုန်တွေမှာ ခွင့်မပြုဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတိပေးလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီဌာနက စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေကို သတိပေးကြေညာခဲ့တာ ရာနဲ့ချီ ရှိနေပြီဖြစ်ပြီး စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေ ထုတ်လုပ်သူတွေကိုတော့ အခုထိ ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာ မတွေ့ရပါဘူး။
စားသုံးဖို့ မသင့်ကြောင်း ကြေညာသတိပေးခဲ့တဲ့ အစားအသောက်တွေနဲ့ အမှတ်တံဆိပ်တွေကို မကြာခင် စာအုပ်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref - DVB

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.