Friday, February 12, 2016

ချစ်သူများနေ့မရောက်ခင် မှတ်ပုံမတင်ထားတဲ့ လိင်စိတ်ကြွဆေးအတုတွေ ရောင်းချသူကို ဖမ်းဆီးရမိ



ချစ်သူများနေ့မရောက်ခင် တစ်ပတ်အလိုမှာပဲ မှတ်ပုံမတင်ထားတဲ့ လိင်စိတ်ကြွဆေးအတုတွေ ရောင်းချသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ပါတယ်။ ရဲတပ်ဖွဲ့က စိတ်ကြွဆေးအတုတွေ ရောင်းချသူကို အသွင်ယူဖမ်းဆီးခဲ့တာဖြစ်ကြောင်း မြန်မာတိုင်းမ် ကဖော်ပြထားပါတယ်။
ချစ်သူများနေ့မတိုင်ခင်မှာ ဖေ့စ်ဘွတ်ကတဆင့် လိင်စိတ်ကြွဆေးအတုတွေကို ရောင်းချဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က ဝယ်ယူသူအဖြစ် အသွင်ယူကာ ဖမ်းဆီးခဲ့လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်

အလားတူ ဖြစ်စဉ်တစ်ခုကို လမ်းမတော်မြို့နယ်မှာလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အမျိုးသားတွေ အတွက် စွမ်းဆောင်ရည်အားကောင်းစေတဲ့ ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့တယ်လိုပ ဆိုပါတယ်။ ဒီလို လိင်စိတ်ကြွဆေးတွေ တရားမဝင်ရောင်းချတဲ့ ဖြစ်ရပ်မျိုး ယမန်နှစ်သင်္ကြန်မတိုင်ခင်ကလည်း ဖော်ထုတ်ခဲ့ရ ပါသေးတယ်။
Source : Yangon Coconut
Photos : www.insidecounsel.com,www.psychologyandi

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.