Sunday, February 14, 2016

ချစ်သူများနေ့မှာ ဆောင်ရန်ရှောင်ရန်များ



ချစ်သူများနေ့ ရောက်တာနဲ့ လူငယ်အတွဲတွေကော လူကြီးအတွဲတွေပါ တစ်ယောက်နဲ့ တစ်ယောက်
လက်ဆောင်တွေ ပေးကြတယ်၊ ပို့စကတ်တွေ ပို့ကြတယ်၊ အတူတူလျှောက်လည်ကြတယ်၊ ဒါဟာ
ကောင်းတဲ့ အချက်တစ်ခုပါဘဲ။ ဒါပေမယ့် ချစ်သူများနေ့-ရဲ့ မူလ ရည်ရွယ်ချက်က ဒီလို သမီးရည်းစား
ချစ်သူတွေကို ရည်ညွှန်းတာ မဟုတ်ပဲ ကမ္ဘာပေါ်မှာ အချင်းချင်း ချစ်တဲ့သူတွေ ပေါများပါစေ၊ ရန်သူ
တွေ မရှိပါစေနဲ့-ဆိုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုတယ်ဆိုတာ လူသိ တော်တော်နည်းပါတယ်။
ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ မြန်မာတွေ အနေနဲ့ ချစ်သူများနေ့ကို ပါဝင်ဆင်နွှဲကြတဲ့ ချစ်သူစုံတွဲ
တွေဟာ မိမိတို့အတွက် ရည်ရွယ်ကျင်းပတယ်လို့ ထင်နေကြသူများ ရှိနေတော့ အဲဒီနေ့မှာ ပါဝင်ဆင်နွှဲ
တဲ့ ချစ်သူစုံတွဲတွေအတွက် ဆောင်ရန် ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါတယ်။

1. သတိရပါ။

ချစ်သူများနေ့ဟာ လင်မယားနေ့မဟုတ်ပါ။ ဒါကို အဓိပ္ပါယ်ရှင်းရှင်းလင်းလင်း သိနေရက်သားနဲ့ လင်မယား
တွေ ပြုမူတဲ့ အပြုအမူမျိုးတွေ ရှိနေပါတယ်။ စာရေးဆရာ/လူရွှင်တော် ဦးဗေလုဝ ပြောသလို ချောကလတ်
ကလေး တစ်ခုနဲ့၊ စုံတွဲဝတ်စုံလေးတစ်ခုနဲ့ ကုတင်ပေါ် တက်ပေးလိုက်ရတဲ့ တန်ဖိုးဟာ အတော်လေးကို
ရင်နာစရာကောင်းပါတယ်။ ဒါကြောင့် ချစ်သူများနေ့ဟာ လင်မယားနေ့ မဟုတ်ဘူးဆိုတာ ကိုယ့်ချစ်သူကို
သတိပေးဖို့ သင့်မှာ တာဝန်အပြည့်ရှိပါတယ်။

2. မိန်းမတို့ရဲ့တန်ဖိုးကို ထိန်းသိမ်းပါ။

မိန်းမရဲ့ တန်ဖိုးကို ထိန်းသိမ်းဖို့ အမျိုးသားမှာရော အမျိုးသမီးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီး
တွေမှာ ပိုပြီး တာဝန်ရှိလို့ သင့်ရဲ့ တန်ဖိုးကို ကျဆင်းစေမဲ့ အပြုအမူ သင့်ချစ်သူက လုပ်လာခဲ့ရင်လည်း ပညာဥာဏ် ဣနြေ္ဒတို့ အရင်းတည်ပြီး ငြင်းဆန်နိုင်ရပါမယ်။ ဒီလို ချစ်သူများနေ့မှ မဟုတ်ပါဘူး။ မယူကြခင်စပ်ကြားဒီအတိုင်း နေရပါမယ်။ အမျိုးသားအနေနဲ့လည်း ခဏတာ သွေးသားဆန္ဒကို သင့်ချစ်သူရဲ့ အလွန်ကြီးမားတဲ့တန်ဖိုးနဲ့ မလဲလိုက်ပါနဲ့လို့။

3. ချစ်ပြီးရင်း ချစ်ကြပါ။

အချစ်နဲ့ လိင်မှုကိစ္စက တစ်ခြားစီပါ။ ဒါကို ရောယှက်ထားတဲ့ လူတွေ ရှိပါတယ်။ တစ်နည်းပြောရရင် ချစ်သူ
ရလာတာနဲ့ ဒီကိစ္စကိုပဲ စိတ်ဝင်စားနေတဲ့သူတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာ ရှက်ဖွယ်လိလိပါဘဲ။ ဒီတော့ အချစ်နဲ့ လိင်ကိစ္စရောထွေးမှု မရှိသူတွေဟာ ဥာဏ်ပညာကြီးမားသူတွေဖြစ်တယ်ဆိုတာ ချီးကျူးဖွယ်ရာပါဘဲ။
ချစ်ပြီးရင်း ချစ်ဖို့အတွက် တစ်ခြား နည်းလမ်းတွေ ဒုနဲ့ဒေး ရှိပါတယ်။ ရှာကြံတွေးတောပြီး ဘယ်လို ချစ်ရမလဲဆိုတာ စဉ်းစားကြပါ။

4. အမှတ်တရလက်ဆောင်ပေးရမယ်။

ချောကလတ်၊ ပို့စကတ်၊ အ၀တ်အစား ကြိုက်တဲ့ လက်ဆောင် ပေးကြပေါ့။ သို့တည်းမဟုတ် မှတ်စုစာအုပ်
ကလေး တစ်အုပ် ဖန်တီးပြီး နှစ်ဦးသား အမှတ်တရစကားတွေ ရေးပေးတာလည်း တော်တော်လေး ကြည်နူးစရာကောင်းပါတယ်။ မိဘမဲ့ကလေးတွေကို လှူဒါန်းတာတို့၊ ဘိုးဘွားရိပ်သာ၊ တရားရိပ်သာတွေကို လှူဒါန်းတာတို့ဟာလည်း အမှတ်တရ ဖြစ်စေပြီး နှစ်ယောက်သား ရွှေပြည်နိဗ္ဗာန် ရောက်ရန်အကြောင်းလည်း ဖြစ်ပါတယ်။

5. မိဘတွေဆီသွားလည်ပါ။

ယူဖို့ သေချာသလောက် ရှိနေတဲ့ ချစ်သူစုံတွဲတွေကတော့ နှစ်ဘက်မိဘတွေဆီ လိုက်လည်ပြီး လက်ဆောင်ပေးတာ၊ အတူတူ ဟင်းချက်စားတာ၊ ပါတီပွဲလုပ်တာမျိုးလေးတွေက သင့်ကို မိဘတွေက အသိအမှတ်ပြု
စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးပါလိမ့်မယ်။

6. တန်ဖိုးထားပါ။

တန်ဖိုးကတော့ ချစ်သူတွေကြားထဲမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် ထားနေရမှာပါဘဲ။ ဒါမှလည်း တစ်ဦးနဲ့တစ်ဦး
တန်ဖိုးချမှု တန်ဖိုးကျဆင်းစေမှု မဖြစ်စေမှာပါ။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများမှာ မယူရသေးဘဲ
အပျိုစင်ဦးရေ ကျဆင်းမှုဟာလည်း စနစ်တကျ Survey လုပ်မယ်ဆိုရင် ကြောက်ခမန်းလိလိ ဖြစ်ပါလိ့မ်
မယ်။ အထူးသဖြင့် ဒီလို ချစ်သူများနေ့မှာ အဆိုးဆုံးဆိုတာ သေချာပါတယ်။ ဒါက တန်ဖိုးမထားခြင်း၊
တန်ဖိုးမသိခြင်း၊ တန်ဖိုးနဲ့ မထိုက်တန်တဲ့ အသိဉာဏ်တွေကြောင့်ဆိုတာ ငြင်းပယ်လို့ မရ။

7. တိုင်တိုင်ပင်ပင် ရှိနေရမည်။

ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ့်အတ္တကို ဦးစားမပေးပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်လုပ်ကြပါ။
ဒါကလည်း ချစ်သူဖြစ်နေပြီဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွှတ်မှုကို ဒီနည်းက စပြီး
တည်ဆောက်နိုင်တာမို့ပါ။ တစ်ခုခု လုပ်ပြီးမှ ဖွင့်ပြောခြင်းဟာလည်း သွေးကွဲစေနိုင်ပါတယ်။

Credit - MOM

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.