စီရော်နယ်ဒိုနဲ့ ပတ်သတ်ပြီးပေါ်တူဂီမော်ဒယ် မယ်လာနီမာတင်က ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆန်ပယ်ချ
စီရော်နယ်ဒို မော်ရိုကိုကို ခရီးထွက်တုန်းက စီရော်နယ်ဒိုရဲ့လျှို့ဝှက်ချစ်သူအဖြစ် ဖော်ပြခံခဲ့ရတဲ့ ပေါ်တူဂီမော်ဒယ် မယ်လာနီမာတင်က ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုနဲ့ အင်တာဗျူးမှာ အခုလိုငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ "လူတွေအနေနဲ့ ကိုယ်ပြောချင်တာကို ပြောနိုင်ကြပါတယ်။ ကျွန်မ ဒီကိုလာတာက အလုပ်သဘောအရ လာတာဖြစ်ပြီး စီရော်နယ်ဒိုလည်း ဒီကို ဘာလာလုပ်နေလဲ မသိပါဘူး။ မော်ရိုကိုနိုင်ငံဆိုတာ ကျွန်မ နှစ်သက်တဲ့ နေရာတစ်ခုပါ" လို့ မယ်လာနီက ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ သိကျွမ်းလားဆိုတဲ့ မေးခွန်းကိုတော့ သူက ပြန်ဖြေခဲ့ခြင်းမရှိပါဘူး။ ၂၀၁၁ ခုနစ်က ပေါ်တူဂီမယ်ဘွဲ့ရခဲ့တဲ့ မယ်လာနီဟာ မော်ရိုကိုကို နှစ်ကုန်အားလပ်ရက်အဖြစ် ခရီးထွက်ခဲ့တာမဟုတ်ဘဲ အီတလီမှာ ၂၀၁၅ ကို ကုန်ဆုံးစေခဲ့တယ်လို့ သိရပါတယ်။
#Melanie_Martins Cristiano #Ronaldo HYPER SPORTS

0 comments:
Post a Comment