Monday, January 11, 2016

ဂျပန်နိုင်ငံမှာ ၀တ်ပြီးသား အောက်ခံဘောင်းဘီ အထည် ၆၀၀ ခိုးယူထားသူကို ဖမ်းမိ






ဒီလို ထူးဆန်းတဲ့ ဓါတ်ပုံဟာ အမျိုးသား တစ်ယောက်ရဲ့  တိုက်ခန်းမှာတွေ့ရတဲ့ ခိုးရာပါ အမျိုးသမီးဝတ် အောက်ခံဘောင်းဘီ အထည် ၆၀၀ ကို ဖော်ပြထားတဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ရဲ ၀န်ထမ်းတွေဟာ အမျိုးသမီး တစ်ယောက်ရဲ့  တိုက်ခန်းအတွင်း ၀င်ရောက်ပြီး ပင်တီဘောင်းဘီတွေ ခိုးယူဖို့ကြိုးစားခဲ့သူ အမျိုးသားကို ဖမ်းဆီးခဲ့ရာကနေ ထို အမျိုးသားရဲ့  နေအိမ်မှာပါ ၀င်ရောက်စစ်ဆေးခဲ့ရာ အခုလို ခိုးယူထားတဲ့ အမျိုးသမီးဝတ် အောက်ခံ ဘောင်းဘီ အထည် ၆၀၀ ကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထို အမျိုးသားကတော့ အသက် ၂၅ နှစ်သာ ရှိသေးပြီး နာမည်ကတော့ Shoya Imada လို့ခေါ်ပါတယ်။

စစ်ဆေးမှု ပြုလုပ်နေစဉ်ကာလမှာလည်း Imada ဟာ Nankoku မြို့ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသမီး တစ်ဦးကို တိုက်ခိုက်ပြီး ထိုအမျိုးသမီးရဲ့  အောက်ခံဘောင်းဘီကို ဆွဲဖြဲခဲ့ဖူးတဲ့ မှတ်တမ်းဟောင်းတွေကိုလည်း ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ ဒါ့အပြင် Imada ဟာ အသက် ၂၀ ၀န်းကျင် အမျိုးသမီးတစ်ဦးကို အသက်ရှုကြပ်အောင် ပြုလုပ်ပြီး ထွက်ပြေးဖူးတယ်လို့ The Tokyo Reporter သတင်းဌာနက ဖော်ပြထားပါတယ်။

အသုံးပြုပြီးသား အမျိုးသမီး အောက်ခံ ဘောင်းဘီတွေဟာ ဂျပန်နိုင်ငံမှာ ရေပန်းစားနေတဲ့ အရာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အကြွေစေ့ အသုံးပြုရတဲ့ စက်တွေမှာပင် အသုံးပြုပြီးသား အောက်ခံဘောင်းဘီတွေကို ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
TrendMyanmar

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.