Monday, January 11, 2016

တတိယတန်းကျောင်းသူလေးကိုကိုက်သော ခွေးပိုင်ရှင်အား မိုးညိုမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ချမှတ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။
ပဲခူး ဇန်နဝါရီ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ညောင်ဝိုင်းအုပ်စု ငှက်ပျော်ထုံးကျေးရွာတွင် ပညာသင်ကြားနေ သော တတိယတန်းကျောင်းသူလေးကိုကိုက်သော ခွေးပိုင်ရှင်အား မိုးညိုမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညိုမြို့နယ် ညောင်ဝိုင်းအုပ်စု ငှက်ပျော်ထုံး ကျေးရွာနေ ဦးနိုင်ဦး၏သမီး မဇူလိုင်မိုး တတိယတန်းကျောင်းသူ လေးအား စာသင်ကျောင်းသို့ သွားရာလမ်းမပေါ်တွင် တစ်ရွာ တည်းနေ ဦးမြင့်ရွှေ၏ အိမ်မွေးခွေးက လမ်းမပေါ်သို့ထွက် ကိုက်ခဲ့သည်။ ခွေးကိုက်ခံရသော မဇူလိုင်မိုး၏အနီးပတ်ဝန်းကျင်မှ မျက်မြင်များနှင့် မိဘများက မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်ဆုံး သွားရောက်ဆေးကုသမှုခံယူရာ ခွေးကိုက်ဒဏ်ရာမှာ ငါးချက်ချုပ် ခဲ့ရသည်။ မြို့နယ်ဆရာဝန်ကြီးက လိုအပ်သည့်ဆေးဝါးများ၊ ခွေးရူးပြန်ကာကွယ်ဆေးများအား ထိုးပေးခြင်းများ ပြုလုပ်ဆောင် ရွက်ပေးခဲ့သည်။

ဖခင်ဖြစ်သူ ဦးနိုင်ဦးက ခွေးပိုင်ရှင်ဦးမြင့်ရွှေအား အကြောင်း ကြားပြီး ပြောကြားခဲ့ပါသော်လည်း ဦးမြင့်ရွှေမှာ တာဝန်ယူမှု တစ်စုံတစ်ရာမရှိသည့်အပြင် ၄င်း၏ခွေးမဟုတ်၍ တာဝန်မယူနိုင် ကြောင်း ကြိုက်ရာလုပ်ဟု မထီမဲ့မြင်ပြောကြားခံရမှုကြောင့် ရဲစခန်းသို့ အကြောင်းကြားတိုင်ချက်ဖွင့်ခဲ့သဖြင့် ရဲစခန်းက ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ဖမ်းဆွဲတင်ခဲ့သည်။

မြို့နယ်တရားရုံးမှ ယင်းနေ့တွင် ရာကြီးမှုအမှတ် ၈၂၅/ ၁၅ ဖြင့် ရုံးတော်မှလက်ခံစစ်ဆေးခဲ့ရာ တရားလို၊ တရားခံနှင့် နှစ်ဖက်မျက်မြင်သက်သေများစစ်ဆေးခဲ့ရာ ဦးမြင့်ရွှေ မွေးထား သော ခွေးကိုက်သည်မှာ ပေါ်လွင်ထင်ရှားပါသဖြင့် ပြစ်မှုပုဒ်မ ၂၈၉ အရ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ရက်တွင် တရားခံ ခွေးပိုင်ရှင် ဦးမြင့်ရွှေအား အလုပ်နှင့်ထောင်ဒဏ် ၁၅ရက် အမိန့်ချခဲ့ကြောင်း သိရသည်။

The Union Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.