Monday, January 11, 2016

မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိ








ရန်ကုန် ဇန်နဝါရီ ၁ဝ

ယမန်နေ့ နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်က မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှစခန်းမှူး ဒုရဲမှူးသန်းဦးက ပြောသည်။
''နောက်ထပ် နှစ်ယောက် ထပ်မိပါပြီ။ ကိုချမ်းရယ်၊ ကိုညွန့် ဝင်းရယ် ထပ်မိပါတယ်။ တစ် ယောက်ကတော့ မိခါနီးပါပြီ။ လွတ်နေသေးတာက အောင်အောင် ပါ''ဟု ၄င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ မင်္ဂလာဈေးလေးလွှာ၊ ဆိုင်အမှတ် ၄၅၁ ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းလိပ်ဆွဲတံခါးတပ်ဆင်ရန် သံပန်းအလုပ်သမား ခေါင်းဆောင် ဦးအောင်ဘွားထံ အလုပ်အပ်နှံခဲ့ကြောင်း၊ ယခုလ ၈ ရက်ည မင်္ဂလာ ဈေးသာယာရေးမှ မင်္ဂလာဈေးဝင်းအတွင်းကျင်းပနေသည့် သီတဂူ ဆရာတော်အရှင်ဥာဏိဿရ၏တရားပွဲပြီးမှသာ လုပ်ငန်းစတင်လုပ် ကိုင်ရန် ခွင့်ပြုထားခဲ့သော်လည်း မင်္ဂလာဈေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်း ဦး(ခ)ဖိုးကျော်လေးက တရားပွဲမပြီးမီ ည ၁ဝနာရီတွင် လုပ်ငန်းလုပ်ကိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့၍ ဦးအောင်ဘွားပါ သံပန်း လုပ်သား စုစုပေါင်းငါးဦး ဝင်ရောက်ကာ လိပ်ဆွဲတံခါးတပ်ဆင်ရာမှ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၃၆ဝ၆ဝ၂ သိန်းဆုံးရှုံးခဲ့ ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့ဆစွာအသုံးပြု ခဲ့သည့် မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး၊ သံပန်းအလုပ် သမားခေါင်းဆောင် ဦးအောင်ဘွား၊ သံပန်းလုပ်သား မင်းသိန်း(ခ) မှတ်ကြီး၊ ညွန့်ဝင်း၊ ကိုချမ်း၊ အောင်အောင်တို့ကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းဦးက တရားလိုပြုလုပ်တိုင်ကြား ခဲ့ပြီး (ပ)၃၆/၂ဝ၁၆ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

နေထက်ဝေ
The Union Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.