Tuesday, February 2, 2016

ခြေလက်တွေမှာအညှောင့်တွေပေါက်လာတဲ့သစ်ပင်လူသား

                      

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အသက်(၂၅)နှစ်အရွယ် နမ်အားပွန်းရဲ့ ခြေလက်တွေက အသားအရေကွဲပြီး အညှောင့်ပေါက်လာတာဟာ သစ်ပင်အမြစ်တွေ ထွက်လာသလိုဖြစ်နေတဲ့အတွက် သစ်ပင်လူသားလို့ အမည်တပ်ရမလို ဖြစ်နေပါတယ်။သစ်ပင်အမြစ်နဲ့တူတဲ့ မူမမှန်ခြေလက်တွေဟာ HVP Virus (Human Pappiloma Virus)ကနေ ဖြစ်လာတာလို့ ဆိုပါတယ်။

အားပွန်း အသက်(၁၀)နှစ်အရွယ် ကတည်းက ဒီရောဂါ ကူးစက်လာတာဖြစ်ပြီးတော့ အဲဒီ ကူးစက်ရောဂါကြောင့် အသားအရေမှာ ကြွက်နို့ဖြစ်ပေါ်လာတာဖြစ်ပြီး ကြွက်နို့က တဖြည်းဖြည်းနဲ့ ကြီးလာတာဖြစ်ပါတယ်။

 အခုတော့ အားပွန်းကို ဒေါက်တာ ဆမန်းသားလပ်ချန်းက တစ်ကမ္ဘာလုံးရှိ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး ဒီလူနာကို ကုသနိုင်မယ့် နည်းလမ်းဆွေးနွေးပါတယ်။လူနာကို ဘယ်နည်းလမ်းနဲ့ ကုသနိုင်မှာလည်းဆိုတာကို ဆရာဝန်အဖွဲ့က ဆွေးနွေးနေဆဲပါ။ HVP Virus ဟာ ခန္ဓာကိုယ်ပေါ်မှာ မူမမှန်တဲ့ အသားအရေ အမျိုးအစား (၁၀၀) လောက်အထိ ဖြစ်ပွားစေတာပါ





ဒီဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတိုင်းဟာ ကြွက်နို့ဖြစ်စေပြီး ဒီအထဲက အမျိုးအစား (၃၀) လောက်ကတော့ လိင်အင်္ဂါနားမှာ ဖြစ်ပွားတာလို့ သိရပါတယ်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; planetacurioso, naijacop

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.