Thursday, December 31, 2015

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀အနက်၃ကောင်ကို ထိုင်းမှာတွေ့ရှိ


ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင်သုံးကောင်ကို ထိုင်းမှာတွေ့ရှိ။
By ခိုင်ခိုင်စိုး
Credit - 7day new

ပြန်လည်တွေ့ရှိခဲ့သော ကြယ်လိပ်များ (ဓာတ်ပုံ - Newsweek)


ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်
တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။


ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာအတွင်းက မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရေဒီယိုအာရုံခံ တပ်ဆင်၍ သဘာဝအတိုင်း လွှတ်ထားသည့် ကြယ်လိပ်အကောင် ရေ ၃၀၀ အနက်  အကောင်ရေ ၁၈၀ ခန့်ပျောက်ဆုံးခဲ့သည်။

      ထိုသို့ နှစ်လအတွင်း အကောင် ရေများစွာ ပျောက်ဆုံးခဲ့သည့်အ တွက် သစ်တောအုပ်ချုပ်ရေးမှူး များနှင့် နယ်မြေခံရဲတို့ ပူးပေါင်း စစ်ဆေးခဲ့ရာ ကြယ်လိပ်များ ခိုးယူခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ သော်လည်း ကြယ်လိပ်များ ပြန်လည်မတွေ့ရှိခဲ့ပေ။

သို့ရာတွင် လိပ်ကျောခွံ၌ မြန်မာအက္ခရာ စဓဗ၀ ထိုးထားသည့် ကြယ်လိပ်များ ရောင်းချရန် ထိုင်းနိုင်ငံ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုတွင် တင်ထားသည်ကို ထိုင်းသစ်တောဌာနက အကြောင်းကြားလာသည့်အတွက် မြန်မာ့သစ်တောဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့အစည်းများပူးပေါင်း၍ စုံစမ်းမှုများပြုလုပ်ခဲ့သည်။

ယင်းသို့ ထိုင်းသစ်တောဌာန မှ စုံစမ်းခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Khon Khaen စီရင်စုရှိ တရားမ၀င်တော ရိုင်းတိရစ္ဆာန် ရောင်းဝယ်နေသည့် အိမ်တစ်အိမ်တွင် လိပ်ခုနစ်ကောင်ဖမ်းဆီးရမိခဲ့ရာ ယင်းအနက် သုံး ကောင်မှာ မြန်မာနိုင်ငံမှ ပျောက် ဆုံးခဲ့သည့် ကြယ်လိပ်များဖြစ်ပြီး ကျန် လေးကောင်၏ မူလနေထိုင် ရာဒေသကို စုံစမ်းဆဲဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)က သတင်းထုတ်ပြန်သည်။

ကျန်ပျောက်ဆုံးနေဆဲဖြစ် သည့် မြန်မာ့ကြယ်လိပ်များကို ဆက်လက်စုံစမ်းနေပြီး ပြန်လည်လွှဲပြောင်းရေးကိစ္စရပ်များကို နှစ် နိုင်ငံသစ်တောဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်မှ ဌာနေကိုယ်စားလှယ် ဦးသန်းမြင့်က ပြောသည်။

‘‘မြန်မာအစိုးရနဲ့ ထိုင်းအစိုးရကို လေးလေးနက်နက်အကြံပြု ချင်တာက ဒီကိစ္စကို ပူးပေါင်းဖော်ထုတ်ဖို့ ပြောချင်ပါတယ်။ ဒါမှသာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မြန်မာ့မျိုးရင်းကြယ်လိပ်တွေကို ကာကွယ်နိုင်ရာရောက်မှာ’’ဟု ဦးသန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် လိပ်များကို အိမ်နီးချင်းနိုင်ငံသို့ တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုကြောင့် လိပ်ကောင်ရေကျဆင်းနေပြီး မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရ၍ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေရသည်။

မြန်မာနိုင်ငံတွင် ကုန်းလိပ် နှင့် ရေချိုလိပ်မျိုးစိတ် ၂၆ မျိုးရှိပြီး ယင်းအနက် ကြယ်လိပ်အပါအ ၀င် မျိုးစိတ်ခြောက်မျိုးသည် မြန်မာနိုင်ငံ၌သာတွေ့ရှိရသည့် လိပ်မျိုးများ ဖြစ်သည်။

ရှားပါးစာရင်းဝင်ကြယ်လိပ် သည် မျိုးသုဉ်းရန်နီးကပ်နေ၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ (IUCN) ၏ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားသည်။ ကြယ်လိပ်ကို မြန်မာနိုင်ငံရှိ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် တွေ့နိုင် ကြောင်း သိရသည်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.