တိုက်ကြီးမြို့နယ်တွင် ဘုန်းကြီး တစ်ပါး မိမိကိုယ်မိမိ ဆွဲကြိုးချပျံလွန်တော်မူ

Thursday, December 31, 2015
ဒီနေ့မနက်ကိုးနာရီလောက်က တိုက်ကြီးမြို့နယ် မှာရှိတဲ့ ဓမ္မိကာရုံကျောင်းတိုက် နားမှာ ဘုန်းတော်ကြီးတစ်ပါး ဆွဲကြိုးချသက်သေပြီး ပျံလွန်တော် မူသွားတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ဆွဲကြိုးချ ပျံလွန်တော်မူခဲ့တဲ့ ဘုန်းကြီး ဥူးသောမ၀ံသ ဟာ ရခိုင်ပြည် ကျောက်တော်မြို့ လိပ်ကန်ကျေးရွာ က ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်ပြီး ရန်ကုန်မြို့ ၊ တိုက်ကြီး မြို့နယ်မှာရှိတဲ့ ဓမ္မိကာရုံကျောင်းတိုက် ကို ခေတ္တခဏလာရောက် သတင်းသုံးနေ ထိုင်စဉ်မှာပဲ အခုလို ဆွဲကြိုးချပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့ တိုက်ကြီးမြို့နယ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိ ကပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။
“ဆွဲကြိုးချသက်သေတဲ့ ဥူးဇင်းက အခုလ၂၆ရက်နေ့က မှ ဒီဘုန်းကြီးကျောင်းကို လာရောက်တာလို့သိရတယ်။ ရခိုင်ပြည်နယ်ကနေ ဘုရားလာ ပို့တာလို့တော့ လောလောဆယ် သိထားတယ်။
အခင်းဖြစ်ပွားတဲ့ နေရာမှာတွေ့ရှိရတဲ့ သက်သေ အထာက်အထားတွေ အရ မိမိကိုယ် ကို သေကြောင်း ကြံစည်တာလို့ သတ်မှတ် လိုက်တာပါ။ သူကစိတ်ရောဂါ နည်းနည်းရှိတယ် လို့သူ့နေရပ်ကဒကာတွေ ဆီကသိရတယ်” ဟု အဆိုပါရဲအရာရှိကပြောပါတယ်။
လက်ရှိတွင် အဆိုပါအမှုကို တိုက်ကြီးမြို့နယ်ရဲစခန်းမှာ သေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။
Source : Popular News Journal

0 comments:
Post a Comment