Tuesday, January 19, 2016

ဖုန်းထဲမှာရည်းစားဖြစ်ပြီးအပြင်ချိန်းတွေ့ရာမှ လူသတ်မှုဖြစ်ပွား



ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ ထန်းတစ်ပင်မြို့နယ်၊ ရခိုင်ရိုးကြီး ကျေးရွာအုပ်စု၊ ရခိုင်ရိုးလေးကျေးရွာ၊ အနော်ရထာလမ်းမကြီးဘေးရှိ ရေ မြောင်းထဲတွင် အမည်မသိအမျိုးသမီး ၁ ဦးသေဆုံးနေကြောင်း တာဝန်သိပြည်သူ ၁ ဦးက ဖုန်းဖြင့်အကြောင်းကြားချက် အရ ဇန်န၀ါရီ ၉ ရက်ညနေ ၁၅း၄၀ နာ ရီအချိန်ခန့်တွင် တက်သစ်ရဲကင်းအပိုင် စခန်းမှူးရဲအုပ်သက်နောင်စိုးနှင့် ဒုရဲအုပ် စိုးနိုင်ဦးတို့အဖွဲ့က အခင်းဖြစ်ပွားသော နေရာအား သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာ တွင် ရခိုင်ရိုးလေးကျေးရွာရှိ ဂန္ဓမာ လမ်းအ၀င်၊ အနော်ရထာလမ်းမကြီးဘေး နှင့် ပေ ၁၅၀ ခန့်အကွာ ဦးမြင့်ဦးလယ် ကွက်နှင့် ထိစပ်ရေမြောင်းထဲ၌ အသက် ၂၀ ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းမှာ ရေမြောင်းအတွင်း ပက် လက်အနေအထားရှိပြီး သစ်ရွက်များဖြင့် အုပ်ဆိုင်းထားသည်ကို  တွေ့ရှိရသဖြင့် ရခိုင်ရိုးလေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အင်းစိန်ဆေးရုံသို့ ပို့ အပ်ခဲ့ရာ PR-17  ဖြင့် လက်ခံစစ်ဆေး လျက်ရှိပြီး အမည်မသိအမျိုးသမီး အလောင်းနှင့် ပတ်သက်၍ ဓမ်္မတာအ တိုင်း သေဆုံးရခြင်းဟုတ်/မဟုတ်စုံစမ်း စစ်ဆေးနိုင်ရန်အတွက် တက်သစ်ရဲကင်း စခန်းက သေမှုသေခင်းအမှတ်စဉ် (၁/ ၂၀၁၆)ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးချက်များအရ ရှိုင်းဝေ အောင်(ခ)သန်းတိုးအောင်၊ အသက် (၂၀)ခန့်ရှိသူနှင့် အမည်မသိသေဆုံးသူ မှာ ချစ်သူရည်စားဖြစ်ကြောင်းနှင့် ၉.၁. ၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ၎င်းင်းတို့နှစ် ဦးချိန်းတွေ့သည်ကို မြင်တွေ့ခဲ့ရကြောင်း သေဆုံးသူ၏သူငယ်ချင်းဖြစ်သူထံမှ သိရ ပြီး မောင်ရှိုင်းဝေအောင်(ခ)သန်းတိုး အောင်နှင့် သေဆုံးသူတို့၏ ဓာတ်ပုံအား ရဲဝန်ထမ်းတစ်ဦးကို ၎င်းင်းမှထုတ်ပေးခဲ့ သည်။ အဆိုပါ ဓာတ်ပုံပြ၍ နီးစပ်ရာ လိုက်လံစုံစမ်းခဲ့ရာမောင်ရှိုင်းဝေအောင်(ခ) သန်းတိုးအောင်သည် ဧရာဝတီတိုင်းဒေ သကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရောက်ရှိ နေကြောင်း သိရသဖြင့် စခန်းမှူးရဲအုပ် သက်နောင်စိုးနှင့် တပ်ဖွဲ့ဝင်များက မော် လမြိုင်ကျွန်းမြို့မရဲစခန်းသို့ အချိတ်အဆက် ယူ၍ လိုက်လံဖမ်းဆီးခဲ့ရာ မော်လမြိုင် ကျွန်းကားဂိတ်၌ ၁၄.၁.၂၀၁၆ ရက် နေ့ နံနက် ၁၁း၀၀ နာရီအချိန်ခန့်တွင် ဖမ်းမိခဲ့ပြီး ထန်းတပင်မြို့မရဲစခန်းမှ ဖမ်း ဆီးစစ်ဆေးခဲ့ရာ မောင်ရှိုင်းဝေအောင်(ခ) သန်းတိုးအောင်က ချစ်သူနှစ်ဦးချိန်းတွေ့ စကားပြောရင်း အခန့်မသင့်စကားများ ရန်ဖြစ်ကာ အသင့်ပါလာသော လုံးပတ် ၁ လက်မရေပိုက်၊ အရှည် ၂ ပေခန့် အတွင်းကွန်ကရစ်လောင်းထားသော ရေ ပိုက်နှင့် နောက်စေ့အား တစ်ချက်ရိုက် လိုက်ရာ မူးဝေလဲကျပြီး ကတ်္တရာလမ်းနှင့် နဖူးစောင့်ကာ သတိလစ်နေသည့်အချိန်  ရေမြောင်းထဲတွန်းချ၍ မသေမချင်းသတ် ခဲ့ပြီး မြောင်းဘေးရှိ အမှိုက်သစ်ရွက်များ ဖြင့် အုပ်ဆိုင်းကာ ထွက်ပြေးတိမ်းရှောင် ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့ကြောင်း၊ ၎င်း တို့နှစ်ဦးမှာ တယ်လီဖုန်းထဲတွင် တွေ့ဆုံ ပြီး ချစ်ကြိုက်ခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြစ်မှုအား တက်သစ်ရဲကင်း စခန်းမှူးရဲအုပ်သက်နောင်စိုးနှင့် ဒုရဲအုပ် စိုးနိုင်ဦးတို့အဖွဲ့က တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သ တင်းရရှိသည်။

 စိုးလင်းဇော်(လှိုင်သာယာ)
 Hot News Journal

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.