Sunday, January 3, 2016

ကျည်ဆန်များသယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတစ်ဦးအားဖမ်းဆီး





ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဇန်န၀ါရီ ၁ ရက် ည ၇ နာရီခန့်က ထိုင်းနိုင်ငံ သို့ ထွက်ခွာမည့် ထိုင်းလူမျိုးတစ် ဦးထံမှ သေနတ်ကျည်ဆန်ဖမ်းဆီး ရမိသည့်အတွက် လက်နက်များ အက်ဥပဒေနှင့် အမှုဖွင့်စစ်ဆေး နေကြောင်း မင်္ဂလာဒုံရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား Mr. Puttapong Puttarmoolအသက် (၃၀)နှစ်သည် NOK Air လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သို့ ပြန်ရန်ပြင်ဆင်နေစဉ် ခါးပတ် အတွင်း ထည့်ပြီးယူဆောင်လာ သည့် ကျည်တောင့်ကိုရှာဖွေတွေ့ ရှိခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
‘‘ပြောက်ကျားခါးပတ်အိတ် တစ်လုံးပါလာတယ်။ X Ray စက်နဲ့ဖြတ်ကြည့်တော့ ကျည်ဆန်ပါလာ တာတွေ့လို့ လေဆိပ်တာဝန်ကျ ရဲအရာရှိတွေက ဖမ်းလိုက်တာပါ။ ကျည်ကတော့ တစ်ထောင့်တည်းပါ။ ဘာအတွက် ယူလာသလဲဆိုတာတော့ စစ်ဆေးနေတုန်းပါပဲ’’ဟု မင်္ဂလာဒုံရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံသား သယ်ဆောင် လာသည့် ကျည်ဆန်မှာ အရှည် ၂ဒသမ၄ စင်တီမီတာ အချင်း ၀ဒသမ၉ စင်တီမီတာရှိ ကျည်ဆန် တစ်ထောင့် (နောက်ပိတ်တွင် ကျည်ရိုက်ပြီးအရာပါ)တစ်ခုကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
‘‘ကျည်ရိုက်ရာပါဖြစ်တဲ့အ တွက် ကျည်ဆန်ကသုံးပြီးသားဖြစ် နေပါပြီ။ ဒါပေမဲ့ ဘာအတွက် သုံး တယ်ဆိုတာလည်း မသိရသေး ဘူး။ အမှုကိုတော့ စခန်းမှူးကိုယ် တိုင်စစ်နေပါတယ်။ ဇန်န၀ါရီ ၁ ရက် ည ၉ နာရီကျော်အချိန်မှာ ရဲစခန်းရောက်ပါတယ်’’ဟု မင်္ဂလာဒုံရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါတရားမ၀င်ကျည်ဆန်ယူဆောင်လာသူ ထိုင်းနိုင်ငံသား Mr. Puttapong Puttarmool ကို လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် မင်္ဂလာဒုံရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Ref- 7day new

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.