Sunday, January 3, 2016

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အနုပညာရှင်တစ်ဦး မောင်းနှင်သည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အနုပညာရှင်တစ်ဦး မောင်းနှင်သည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိ



ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၄၂ မိုင်ခန့်တွင် အမျိုးသမီး အနုပညာရှင်တစ်ဦး မောင်းနှင်သည့် လင်ခရူဆာ (ပါရာဒို) ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇန်န၀ါရီ ၃ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲခန့်တွင် ရေနံချောင်းမှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အရှိန်လွန် တိမ်းမှောက်ပြီး ကလေး၊ လူကြီး ခြောက်ဦးခန့် ပါရှိသည့်အနက် ကလေးနှစ်ဦးမှာ သာမန်ပွန်းပဲ့ ဒဏ်ရာရရှိပြီး အမျိုးသမီးကြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

"ရေနံချောင်းကနေ ရန်ကုန်ပြန်တာမှာ အရှိန်လွန် တိမ်းမှောက်တာပါ။  ယာဉ်မောင်းက မမြသင်းချယ်။ အဆိုတော်၊ သရုပ်ဆောင် လုပ်တယ်။ သူက ဘာမှမဖြစ်ဘူး။ ဒဏ်ရာ ပြင်းတာက ဒေါ်ခင်ဌေးမူ။ လေးနှစ်နဲ့ နှစ်နှစ် အရွယ်ကလေး နှစ်ယောက်က ပွန်းပဲ့ဒဏ်ရာ ရတယ်။ ဒေါ်ခင်ဌေးမူက ဒဏ်ရာပြင်းထန်လို့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကုသနေတယ်" ဟု နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ် (ပ) ၃/၁၆ ပြစ်မှု အမှတ် ၃၃၇၊ ၃၃၈ အရ အရေးယူထားကြောင်း သိရသည်။
Ref -Eleven News
Writer: 
ကျော်မျိုး

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.