လိပ်ကျွန်းလူသတ်တရားခံမှာ မြန်မာများမဟုတ်ဟု သေဆုံးသူ၏ အစ်မပြော
အစ်မဖြစ်သူက လိပ်ကျွန်းလူသတ်တရားခံမှာ မြန်မာများမဟုတ်ဟု ၄င်း၏ ဖေ့စ်ဘွတ်ခ်တွင်
ဆိုလိုက်ပြီး ၄င်းတို့မိသားစုအပေါ် ထိုင်းအာဏာပိုင်များ၏ ဆက်ဆံပုံကိုလည်း ရှုတ်ချပြော
ဆိုလိုက်သည်။

ဇန်နဝါရီ ၁ဝ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့သော လော်ရာဝစ်သာရစ်ခ်ျ၏
ရေးသားချက်၌ ဟန်နာဝစ်သာရစ်ခ်ျ (၂၃ နှစ်) နှင့် ဒေးဗစ်မစ်လာ (၂၄ နှစ်) တို့ရက်စက်စွာ
အသတ်ခံရပြီးသည့်နောက်ပိုင်း ဟန်နာ၏ ကျန်ရစ်သူမိသားစုဝင်များ ကြုံတွေ့ခံစားရပုံကို
ဖွင့်ဟထားခဲ့ပြီး ထိုရေးသားချက်ကို လူမှုကွန်ရက်သုံးစွဲသူ ထောင်ပေါင်းများစွာက တစ်ဆင့်
ကူးယူဖော်ပြခဲ့ကြသည်။
ထိုအသတ်ခံရသူနှစ်ဦး၏အလောင်းများကို ခိုတောင်ကျွန်း (လိပ်ကျွန်း)ရှိ လူစည်ကားရာ
ကမ်းခြေတွင် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ရက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသား
ရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့မှာ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ
၂၄ ရက်တွင် ထိုအမှုအတွက် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အဓမ္မပြုကျင့်မှုဆိုင်ရာ
ပုဒ်မများအပြင် ရာဇဝတ်မှုကိုဖုံးကွယ်ခြင်း ပုဒ်မများနှင့်ပါ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရသည်။
တရားရုံး၏ တွေ့ရှိချက်များအပေါ် လက်ခံကြောင်း ဒေးဗစ်မစ်လာ၏မိသားစုက
ထုတ်ပြန်ခဲ့သော်လည်း ခိုတောင်ကျွန်း၌ လုခ်မစ်လာဆိုသူ ဗြိတိန်နိုင်ငံသားနောက်တစ်ဦး
ထပ်မံသေဆုံးခဲ့ပြီးနောက် လော်ရာဝစ်သာရစ်ခ်ျက ၄င်း၏ လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်)
ပေါ်၌ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်သည်။
လုခ်မစ်လာ၏ အလောင်းကို ယခုလ ၈ ရက်တွင် ဆိုင်ရီးကမ်းခြေအနီး ရေကူးကန်တွင်
တွေ့ရှိခဲ့ပြီး ရေနစ်၍ သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။လော်ရာသည် ထိုရေး
သားချက်နှင့်အတူ ဟန်နာနှင့် ဒေးဗစ်မစ်လာတို့၏သေဆုံးမှုအပေါ် ရဲဘက်စစ်ဆေးချက်ကို
မေးခွန်းထုတ်စရာများ မြင့်တက်စေခဲ့သော အနောနီးမက်စ် ဟက်ကာအဖွဲ့ဝင် ဝတ်စုံဝတ်
ထားသူတစ်ဦး၏ မိနစ် ၄ဝ စာ ဗီဒီယိုလင့်ခ်တစ်ခုကိုပါ ဖော်ပြထားခဲ့သည်။
လော်ရာက ညီမဖြစ်သူ၏အလောင်းကို ပြန်လည်သယ်ဆောင်ရန် ထိုင်းနိုင်ငံသို့ မိသားစု
ရောက်ရှိစဉ် စုံစမ်းစစ်ဆေးမှု အကြောင်း ရှင်းပြမည်ဟုဆိုကာ ထိုင်းဘုရင့်ရဲတပ်ဖွဲ့ရုံးချုပ်သို့
ဖိတ်ကြားခံခဲ့ရသော်လည်း လက်တွေ့တွင် ¤င်းတို့၏ ဓာတ်ပုံများကို သတင်းများ၌ အသုံးပြုရန်
အတွက် မီဒီယာများရှေ့သို့သာ ပို့ခဲ့သည်ဟု ၄င်းကပြောသည်။
‘’ထိုင်းရဲချုပ်မှာ ကျွန်မတို့ကို ရှင်းပြဖို့ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ဒီအလွဲလွဲ
အချော်ချော် စုံစမ်းစစ်ဆေးရေးက သူ့အနေနဲ့ ကျွန်မတို့ကိုပြောစရာဘာမှမရှိဘူးလို့ ပြောလိုက်တဲ့
သဘောပါပဲ’’ ဟု ဆိုသည်။ယင်းအပြင် ခိုတောင်ကျွန်းပေါ်တွင် ညီမဖြစ်သူကို သတ်ဖြတ်ခဲ့သူများမှာ
မြန်မာများမဟုတ်ဘဲ ထိုင်းနိုင်ငံသားများသာ ဖြစ်သည်ဟု မိမိယုံကြည်ကြောင်း၊ လူသတ်မှု
စစ်ဆေးနေစဉ် ကာလများတွင်လည်း ¤င်းထံသို့ခြိမ်းခြောက်စာများ ရောက်ရှိခဲ့ပြီး လူသတ်သမား
များက ၄င်းတို့အလုပ်ကို တစ်ဝက်သာ အပြီးသတ်ရသေးသည်ဟု ရေးသားထားသော
စာတစ်စောင် ပါဝင်သည်ဟု လော်ရာ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားထားကြောင်း
ဂါဒီးယန်းသတင်းစာ၌ ဖော်ပြထားသည်ကို စံတော်ချိန်သတင်းစာက ကိုးကားဖော်ပြပါရှိသည်။
စုံစမ်းစစ်ဆေးစဉ် တစ်လျှောက်လုံးတွင် အမှားအယွင်းများရှိကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး
ဖြစ်သလို သံသယရှိခြင်း ခံရသူနှစ်ဦးမှာလည်း ၄င်းတို့မှာ စစ်ဆေးခံရစဉ်အတွင်းနှိပ်စက်ခံရ
ကြောင်း ထွက်ဆိုထားသည်။
ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံချက်ကိုလည်း နောင်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး သက်ဆိုင်ရာ
ထိုင်းမှုခင်းဆရာဝန်နှင့် နိုင်ငံခြားသား မှုခင်းဆရာဝန်များက အခင်းဖြစ်ပွားရာနေရာ ပုံစံပျက်
နေခြင်းနှင့် သက်သေအထောက်အထားများကို စနစ်တကျ မထိန်းသိမ်းခြင်းများအပေါ်
စိုးရိမ်မိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း
တို့မှာ ထိုင်းအာဏာပိုင်များ၏ ဓားစာခံရှာခြင်းကိုခံလိုက်ရသည်ဟူသော တွေးတောမှုများမှာ
အနော်နီးမက်စ်၏ ဗီဒီယိုကြောင့် များပြားလာခဲ့သလို ကျွန်းရှိ အခြားကမ္ဘာလှည့်ခရီးသည်များ၏
သေဆုံးမှုများမှာလည်း ဖုံးဖိခံထားရနိုင်သည်ဟု အများက ယူဆလာခဲ့ကြသည်။
မြန်မာနိုင်ငံသားနှစ်ဦးကို လုံခြုံရေးတင်းကျပ်သည့် အကျဉ်းထောင်တစ်ခုသို့ ယခုအခါ ရွှေ့ပြောင်း
ထားသည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အရ ထိုင်းနိုင်ငံတွင် သေဒဏ်မှာ စာထဲတွင်သာ
ရှိပြီး တရားရုံးက သေဒဏ်ချခြင်းမရှိခဲ့သည်မှာ ၂ဝဝ၉ ခုနှစ်ကတည်းက ဖြစ်သည်ဟု
AmnestyInternational က ဆိုသည်။

ကျော့ဒါလီလင်းဘာသာပြန်သည်။
0 comments:
Post a Comment