Monday, January 25, 2016

အအေးဘူးတွေကို ခေါင်းမှာကပ်ပြပြီး ပိုက်ဆံရနေသူ


သူရဲ့အရေပြားမှာရှိတဲ့ချွေးပေါက်တွေဟာ ဒီဘူးတွေကို စုပ်ထားသလိုဖြစ်နေတာလို့ ဆရာဝန်တွေကပြောပါတယ်။

အမေရိကန်နိုင်ငံက လူတစ်ဦးဟာ အအေးဘူးတွေကို ခေါင်းမှာကပ်ပြပြီး  ဝင်ငွေကောင်းနေပါတယ်။ Daily Mailရဲ့ ဖော်ပြချက်အရ ဂျေမီကီးတန်လို့ခေါ်တယ့်ဒီလူဟာ အီလီနွိုက်ပြည်နယ်ကဖြစ်ပြီး  သူ့ရဲ့ထူးခြားတဲ့ အသားအရေကြောင့် အရာဝတ္ထုတွေကို အခုလို ကပ်ထားနိုင်တာဖြစ်ပါတယ်။

သူရဲ့အရေပြားမှာရှိတဲ့ချွေးပေါက်တွေဟာ ဒီဘူးတွေကို စုပ်ထားသလိုဖြစ်နေတာလို့ ဆရာဝန်တွေကပြောပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကလည်း သာမန်ထက်ပိုတာကြောင့်လည်း အရာဝတ္ထုတွေကို ကြာကြာကပ်ထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ကီးတန်ဟာ မကြာသေးခင်ကလည်း ခေါင်းပေါ်မှာ ဗူးတွေကပ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့တစ်ပတ်ဝင်ငွေဟာ ဒေါ်လာ ၈၀၀၀ ရှိပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.