အေစီမီလန်အသင်းရဲ့အင်္ကျီဝတ်ပြီး Media ပေါ်တင်ခဲ့တဲ့အတွက်ဝေဖန်ခံနေရတဲ့ စီရီးအေအမျိုးသမီးဒိုင်
Claudia Romani ဟာ Serie Aက အမျိုးသမီး ဒိုင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အေစီမီလန်အင်္ကျီဝတ်ဆင်
ပြီး မပေါ့တပေါ်အဝတ်အစားတွေနဲ့ လိင်အသားပေးပုံတွေကို Instagram ပေါ်တင်ခဲ့တာကြောင့် ဘက်လိုက်တဲ့
ဒိုင်တစ်ယောက်လို့ ဝေဖန်ခံနေရပါတယ်။
တစ်နှစ်အတွင်းမှာပဲ အရင်တုန်းကမော်ဒယ်အဖြစ်အသက်မွေးခဲ့တဲ့ အဆိုပါဒိုင်ရဲ့ Instagram Follwer ဟာ 60,000
ကနေ 175,000 အထိ သုံးဆနီးပါး တိုးတက်လာပါတယ်။ ဆာဘီးယားနိုင်ငံမှာမွေးဖွားခဲ့ပြီး ရိုးမေးနီးယားမှာ ကြီးပြင်း
ခဲ့တဲ့ သူမဟာ ကမ္ဘာပေါ်မှာ စွဲဆောင်မှု အရှိဆုံး ဘောလုံးဒိုင်တစ်ယောက်ဖြစ်ချင်နေတယ်လို့လည်းသိရပါတယ်။
“ဘောလုံးသမားတွေနဲ့ အတူ ကွင်းထဲမှာပတ်ပြေးပြီး ဆုံးဖြတ်ချက်ချရတာ လုံးဝကို မငြင်းဆန်ရက်လောက်တဲ့ အခွင့်
အရေးပါ၊”လို့ မနှစ်ကပြောခဲ့ပါတယ်။ သူမကိုအားပေးနေတဲ့ ပရိတ်သတ်အများစုကတော့ အေစီမီလန်အင်္ကျီနဲ့ သူမ
ရဲ့ ဓာတ်ပုံတွေကို Social Media ပေါ်မှာ မြင်အပြီးမှာ ဒေါသထွက်နေကြပါတယ်။
သူမကတော့ အေစီမီလန်ကိုအားပေးကြောင်း ပေါ်တင်ဝန်ခံထားပါတယ်။ အရင်တုန်းက အေစီမီလန်ကစားသမား
ဟောင် အင်ဇာဂီနဲ့လည်း သူမဟာ တွဲဖူးပါတယ်။ ပရိတ်သတ်တွေကတော့ သူမရဲ့စိတ်ခံစားမှုဟာ ကွင်းတွင်းဆုံးဖြတ်
ချက်တွေမှာ ဘက်လိုက်လိမ့်မယ်လို့ ထင်မြင်ပြီးဝေဖန်နေကြပါတယ်။
Myanmar Online Media
Source: mirror.co.uk



0 comments:
Post a Comment