ငယ်ငယ်ရွယ်ရွယ်နဲ့ အသားအရေတွေ အိုမင်းတဲ့ အထူးအဆန်းရောဂါကို ခံစားနေရတဲ့ မောင်နှမ
Anjali Kumari ဆိုသူ အသက်၇နှစ်အရွယ် ကောင်မလေးနဲ့ သူမရဲ့မောင်လေးဖြစ်သူ အသက်၁၈လသား
အရွယ် Keshav Kumar တို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသားအရေတွေ အိုမင်းတဲ့ အထူးအဆန်းရောဂါကို
ခံစားနေရပါတယ်။
ဒီကလေးနှစ်ယောက်ဟာ Progeria လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါကိုခံစားနေရတာပါ။ ဒီရောဂါက
ခန္ဓာကိုယ်ကို ပုံမှန်အိုမင်းတဲ့ အမြန်နှုန်းထက် များစွာမြှင့်တင်လိုက်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်း
ကုန်တာဖြစ်ပါတယ်။ ဒီမောင်နှမမှာနောက်ထပ်ကုမရတဲ့ Cutis Laxa လို့ခေါ်တဲ့ ရောဂါလည်း ရှိနေပါသေး
တယ်။သူတို့နှစ်ယောက်ဟာ Ranchi, Jharkhandမှာ အဖေဖြစ်သူ အသက်(၄၀)အရွယ် Shatrughan Rajak
၊ အမေဖြစ်သူ အသက်(၃၅)နှစ်အရွယ် Rinki Devi, အမဖြစ်သူ အသက်၁၁နှစ်အရွယ် Shilpiတို့နဲ့အတူ
နေထိုင်နေပါတယ်။ ကျန်မိသားစုများမှာတော့ ဒီရောဂါမရှိဘူးလို့ သိရပါတယ်။သူတို့မောင်နှမ၂ယောက်ဟာ လမ်းထဲမှာ အမြဲတမ်း လူတွေဝိုင်းကြည့်တာခံရပြီး လှောင်ပြောင်ခံရလေ့လည်း ရှိပါတယ်။ “ကျွန်မက အခြားသူတွေနဲ့ မတူတာ ကျွန်မသိပါတယ်။ ကျွန်မမှာ သူများနဲ့ မတူတဲ့ခန္ဓာကိုယ်၊ သူများနဲ့မတူတဲ့ မျက်နှာ၊ သူများနဲ့ မတူတာတွေ အများကြီးရှိနေပါတယ်။ လူတွေကကျွန်မ
ကို အမြဲတမ်းကြည့်လေ့ရှိပြီး မကောင်းပြောလေ့ရှိပါတယ်။”လို့ Anjailက MailOnlineကို ဆိုခဲ့ပါတယ်။
ကျောင်းက ကောင်မလေးတွေက သူ့ကို daadi amma (အဘွား), budhiya (အဒေါ်ကြီး), bandariya
(မျောက်), hanuman (ဟာနုမန်) စသဖြင့်နောက်ပြောင်ကျတယ်လို့ သိရပါတယ်။ သူတို့ရဲ့မိဘတွေက
တော့ ဒီကလေး၂ယောက်ကို ကုသပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပေမယ့် အိန္ဒိယဆရာဝန်တွေက
တော့ ဒီကလေး၂ယောက်အတွက်အကောင်းဆုံးက နိုင်ငံခြားမှာ သွားရောက်ကုသခြင်း ဖြစ်တယ်လို့
ဆိုပါတယ်။
အဝတ်လျှော်ခြင်းဖြင့် အသက်မွေးနေတဲ့ အဖေဖြစ်သူ Shatrughanက တစ်လကို ရူပီး၄၅၀၀ပဲ ဝင်ငွေ
ရှိပါတယ်။ ‘လူတွေက သူတို့ကို အသက်ကြီးတဲ့သူအဖြစ် စနေတာ အရမ်းကို ခံစားရပါတယ်။ ကျွန်တော်
တို့ ပြည်တွင်း ဆ၇ာဝန်တွေဆီက အကူအညီတောင်းခဲ့ပေမယ့် ပြည်ပမှာပဲ ကုနိုင်မယ်လို့ သူတို့ကဆို
ခဲ့ပါတယ်။ ကျွန်တော်တို့ အိမ်မက်ကတော့ ကျွန်တော်တို့ ကလေးတွေကို ကုပေးဖို့ပါပဲလို့ ရင်နင့်စွာဆို
ခဲ့ပါတယ်။
Source : mirror




0 comments:
Post a Comment