Wednesday, February 10, 2016

ဘီယာအကြောင်း လူသိနည်းတဲ့ အချက်များ



ဘီယာဆို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဘီယာအကြောင်း လူသိနည်းတဲ့ အချက်တွေ အများအပြား ရှိပါတယ်။ ဘီယာနဲ့ ပတ်သက်လို့ လူသိနည်းသေးတဲ့ ၅ ချက်ကို စုစည်းဖော်ပြထားပါတယ်။


အလယ်ခေတ်မှာ လူအများအပြားက ရေအစား ဘီယာ သောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီယာက ပိုပြီး သန့်စင် စိတ်ချရလို့ပါတဲ့။

ဘီယာ သောက်နိုင်လွန်းသူ





အန်ဒရီဆိုတဲ့ ပြင်သစ်လူမျိုး နပန်းသမားနဲ့ ရုပ်ရှင်မင်းသားက ၆ နာရီအတွင်း ဘီယာ ၁၁၉ လုံး သောက်နိုင်သူပါ။

လက်မထောင်တဲ့ အပြုအမူရဲ့ အစ



လက်မထောင်ပြတဲ့ အပြုအမူက ဘီယာချက်လုပ်သူတွေထံမှ စတင်ခဲ့တာလို့ ဆိုပါတယ်။ ဘီယာချက်လုပ်တဲ့အခါ တစေးထည့်ဖို့ လိုအပ်တဲ့ အပူချိန်ရရင် အချင်းချင်း လက်မထောင်ပြပြီး ဆက်သွယ် ပြောဆိုကြတာပါ။

ဘီယာအသောက်ဆုံး နိုင်ငံ



ကမ္ဘာပေါ်မှာ နိုင်ငံသားတစ်ဦးချင်းစီ ဘီယာအသောက်ဆုံးက ချက်ရီပတ်ဘလစ်နိုင်ငံလို့ ဆိုပါတယ်။ ချက်ရီပတ်ဘလစ် နောက်မှာ သြစတြီးယား၊ ဂျာမနီနဲ့ အက်စတိုးနီးယားတို့က အစဉ်လိုက် ရပ်တည်ပါတယ်။

ဘီယာချက် အတော်ဆုံး နိုင်ငံ




ကမ္ဘာပေါ်မှာ ဘယ်လ်ဂျီယံနိုင်ငံက ထုတ်လုပ်တဲ့ ဘီယာက အကောင်းဆုံး ဖြစ်ပါတယ်။

ခေတ်အစားဆုံး ကမ္ဘာ့အဖျော်ယမကာ



ကမ္ဘာမှာ ခေတ်အစားဆုံး အဖျော်ယမကာက ဘီယာ ဖြစ်ပါတယ်။
Source & Photo: TsFluff

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.