Wednesday, February 10, 2016

မော်ရင်ဟိုဟာ မန်ယူအသင်းမှာ မန်နေဂျာအဖြစ် တာဝန်ယူဖှို့ နောက်ဆုံးမှာ တော့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းထွက်ပေါ်



ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုဟာ မန်ယူအသင်းမှာ မန်နေဂျာအဖြစ် တာဝန်ယူဖှို့ နောက်ဆုံးမှာ
တော့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းထွက်ပေါ်ခဲ့ပါသည်။ မန်ယူအသင်းဟာ ရလာဒ်ပိုင်း မတည်မငြိမ်
ဖြစ်နေတဲ့ အသင်းကို ကယ်တင်ဖို့ နည်းပြတစ်ဦးရှာဖွေလျှက်ရှိပါသည်။ဒါ့အပြင် လက်ရှိ
မန်ယူအသင်းနည်းပြ ဗန်ဂေါကလည်း အသင်းမှ နှုတ်ထွက်တော့မည်ဟူသော သတင်း
များ ထွက်ပေါ်လျှက်ရှိသောကြောင့် အသင်းကို တာဝန်ယူကိုင်တွယ်မည့် နည်းပြ လိုနေသည်။ လက်ထောက်
နည်းပြ ဂန္ထ၀င်ကစားသမားဟောင်း ရိုင်ယန်ဂစ်မှာလည်း နည်းပြအတွေ့အကြုံ နုနယ်သေးတာမို့ အသင်းကို
တာဝန်ယူကိုင်တွယ်ရန် မဖြစ်နိုင်သေးဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် ဂစ် ကိုယ်တိုင်ကလည်း
အသင်းကို ဦးဆောင်ကိုင်တွယ်လိုကြောင်း ဖွင့်ဟခြင်း မပြုခဲ့ပေ။
မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာလည်း ထိပ်သီးနည်းပြ ဂွါရီယိုလာကို ခေါ်ယူပြီးဖြစ်တာကြောင့် ဂွာဒီယိုလာ
နဲ့တန်းတူပြိုင်နိုင်တဲ့ မော်ရင်ဟိုကိုခေါ်ယူဖို့  ကြိုးစားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ မန်ယူအသင်းဟာ
စပါယ်ရှယ်ဝမ်း-ဟု လူသိများသော မော်ရင်ဟိုကို နည်းပြတာဝန် လွှဲနိုင်တော့မည်ဟု mirror.com က
ဖော်ပြခဲ့သည်။ စာချုပ်သက်တမ်းမှာလည်း သုံးနှစ်ဖြစ်ပြီး တစ်နှစ်အတွက် လုပ်ခလစာ 15 သန်းကို မန်ယူ
အသင်းမှ ပေးချေရမည် ဖြစ်သည်။
ဒါ့အပြင် မော်ရင်ဟိုဟာ သူရဲ့ လက်ထောက်နည်းပြအဖြစ် အသလက်တီကိုမက်ဒရစ်အသင်းမှ အားကစား
ဒါရိုက်တာ အန်ဒရီယာဘာတာ ကိုလည်း ခေါ်ယူသွားမည် ဖြစ်သည်ဟူ ဆိုသည်။ ဘာတာသည် မော်ရင်ဟို
၏ အေးဂျင့်ဖြစ်သူ ဂျော်ဂျီမန်ဒက်စ်နဲ့လည်း ပုဂ္ဂိုလ်ရေး အလွန်ရင်းနီးသူ ဖြစ်သည်။ မန်ယူအသင်းဟာ လက်
ရှိအချိန်မှာ အဆင့်ငါးနေရာမှာ ရပ်တည်လျှက်ရှိပြီး စတုတ္ထနေရာမှာ ရပ်တည်လျှက်ရှိသည့် မန်စီးတီးအသင်း
နဲ့ ခြောက်မှတ် ကွာဟလျှက်ရှိသည်။ မော်ရင်ဟို မန်ယူကို စတင်ကိုင်တွယ်ပြီဆိုလျှင် မန်ယူအသင်းအနေနဲ့
ကမ္ဘာ့အဆင့် တန်ဖိုးကြီးကစားသမားများကို ခေါ်ယူဖို့ အသင်းမှ ခွင့်ပြုသွားဖွယ်ရှိကြောင်းကိုလည်း
mirror.com က ဖော်ပြခဲ့သည်။

Myanmar Online Media

Source: mirror

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.