Monday, February 8, 2016

လိင်ပိုင်းဆိုင်ရာစော်ကားသူတစ်ဦးအား ပန်းသေဆေးထိုးပြီးအပြစ်ပေးစီရင်



တောင်ကိုရီးယား ခရိုင် တရားရုံးတစ်ခုသည် လိင်ပိုင်းစော် ကားမှု ကျူးလွန်သည့် တရားခံ တစ်ဦးအား နိုင်ငံတွင် ပထမဆုံး ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည့် ဓာတုဆေးနည်းဖြင့် ပန်းသေအောင် ဆေးထိုးစီရင်ရန် အမိန့်ချမှတ်လိုက်သည်။

တောင်ကိုရီးယားတွင် ထိုသို့ လိင်ပိုင်းကျူးလွန်သော ရာဇဝတ် တရားခံများအား ပြင်းထန်သည့် ပန်းသေအောင် ဆေးထိုးစီရင် နည်း အသုံးပြုရန် ၂၀၁၁ က ဥပဒေစတင်ချမှတ်ခဲ့သည်။
အခြေခံဥပဒေ တရားရုံးက လည်း ယမန်နှစ်က ထိုဥပဒေကို ၂၀၁၅ အတွင်း အတည်ပြုပေးခဲ့ပြီးနောက် ဒေဂျုန်းခရိုင်တရားရုံး က တရားခံတစ်ဦးအား ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရားရုံးသည် ၂၀၁၃ တွင် ထိုဥပဒေ ပြဌာန်းချက်မှာ အခြေခံ လူ့အခွင့်အရေးများ ချိုးဖောက်နေ သဖြင့် ပြန်လည်သုံးသပ်ရန် အ ခြေခံဥပဒေတရားရုံးသို့ တင်ခဲ့ရာ အခြေခံဥပဒေရုံး တရားသူကြီး များက ထောက်ခံမဲ ခြောက်မဲ၊ ကန့်ကွက်မဲ သုံးမဲဖြင့် ထပ်မံအ တည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒေဂျုန်းခရိုင် တရားရုံးသည် ကင်မ်ဆွန်ယွန်ဆို သည့် တရားခံအား ဓာတုနည်း ဖြင့် ဟော်မုန်းကုသမှု ပြုလုပ်ရန်၊ နာရီ ၈၀ ကြာ လိင်ပိုင်းကုသမှုများ ခံယူရန်နှင့် ထောင်ဒဏ် (၁၇)နှစ် ချမှတ်ခဲ့သည်။
ကင်မ်သည် ၂၀၁၂ ကလည်း မုဒိမ်းမှုတစ်ခုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရရာတွင် ဆေးရုံ၌ ကုသမှုခံယူနေစဉ် ထွက်ပြေးခဲ့ပြီးနောက် နောက်ထပ် အမျိုးသမီး တစ်ဦးကို အဓမ္မပြုခဲ့ခြင်းဖြစ် သည်။
တောင်ကိုရီးယားတွင် ဓာတု ဆေးနည်းဖြင့် လိင်ပိုင်းကျူးလွန် သည့် တရားခံများအား ပန်းသေ ရန် ပြစ်ဒဏ်ပေးသော ဥပဒေ ပြဋ္ဌာန်းချက်ကို ဝေဖန်သူများက ထိုနည်းဖြင့် အပြစ်ပေးခြင်းသည် ထိရောက်မှု ရှိ၊ မရှိ သုတေသန ရလဒ်များ မရှိသေးကြောင်းနှင့် ဓာတုဆေးနည်းကြောင့် အခြား ဘေးထွက်ဆိုးကျိုး ထိခိုက်မှုများ တရားခံများတွင် ရှိနိုင်၊ မရှိနိုင် မသိရသေးကြောင်း ဝေဖန်ကြ သည်။
  7day
—Ref: Asiaone/Korea Herald

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.