Tuesday, February 9, 2016

အသက်(၁၇) နှစ်အရွယ် အမျိုးသမီးငယ်ကို အ သက်(၅၀)ကျော်အရွယ် အမျိုး သားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သ ဖြင့်အမှုဖွင့်တိုင်ကြား



ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ တွင် နေထိုင်သည့် အသက်(၁၇) နှစ်အရွယ် အမျိုးသမီးငယ်ကို အ သက်(၅၀)ကျော်အရွယ် အမျိုး သားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သ ဖြင့် ဖေဖော်ဝါရီ ၇ ရက်၌ အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးကျေးရွာတွင် နေထိုင် သည့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်သည် ၂၀၁၅ ဒီဇင် ဘာ ၂၅ ရက် ည ၁၁ နာရီက  တစ်ရွာတည်းနေ အသက်(၅၂)နှစ်အ ရွယ် ဦးစိုးနိုင် နေအိမ်၌ တီဗီကြည့်ခဲ့ပြီး နေအိမ်သို့ အနွေးထည်ပြန်ယူရာမှ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမျိုးသမီးငယ်သည် နေ အိမ်တွင် အနွေးထည်ဝင်ယူနေ စဉ် ဦးစိုးနိုင်ရောက်ရှိလာပြီး အမှောင်ရိပ်ကျသည့် မြေကွက်လပ်၌  အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ် သည် အဓမ္မပြုကျင့်ခံခဲ့ရသည့်အ ကြောင်းကို ဖေဖော်ဝါရီ ၆ ရက် ညပိုင်းမှသာ ဖခင်ဖြစ်သူအား ပြောပြခဲ့သဖြင့် ဖခင်က လာရောက် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးငယ်ကို အဓမ္မပြု ကျင့်ခဲ့သည့် ဦးစိုးနိုင်အား ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မင်္ဂလာဒုံမြို့မရဲ စခန်းမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်ကလည်း အသက်မပြည့်သေးသည့် (၁၄) နှစ်အရွယ် အမျိုးသမီး ငယ်ကို ခိုးယူ၍ တစ်ပတ်ကျော် ကြာ ပေါင်းသင်းနေထိုင်ခဲ့သည့် အသက် (၁၇) နှစ်အရွယ် အမျိုး သားကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်း ဆီးစစ်ဆေးခဲ့သည်။

Source : 7 Day Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.