Thursday, February 18, 2016

ခန္ဓာကိုယ်ပေါ်ရှိ မှဲ့အကြောင်းတစ်စေ့တစ်စောင်း



ထင်ထင်ရှားရှားရှိသောမှဲ့ကိုသာမှဲ့ဟုဆိုလိုပါသည်။ဗေဒင်ဖြစ်သောကြောင့် လက်တွေ့ဖြစ်မည်ဟုမဆိုလိုပါ။

မိမိ၏ ယုံကြည်မူနှင့်သာ သက်ဆိုင်ပါသည်။အမှန်အမှားကို chelmo မှတာဝန်မယူပါ။အားလုံးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလျက်။

၀၁.ပုခုံးရိုးပတ်ဝန်းကျင်တွင်ရှိသောမှဲ့ရှိသောသူသည် စိတ်တည်ငြိမ်မူအားနည်း၏

၀၂.ပုခုံးတွင်မှဲ့ရှိသောသူသည် စွန့်စားချင်တဲ့စိတ်ဓာတ်ရှိ၏

၀၃.ရင်သားအလယ်တွင်မှဲ့ရှိသောသူသည် သူတပါးအတွက်ဆိုရင် ကူညီချင်တဲ့စိတ်အမြဲရှိ၏

၀၄.ချိုင်းအောက်တွင်မှဲ့ရှိသောသူသည် အရာရာကိုသိတတ်သည်

၀၅.ဗိုက်တွင်မှဲ့ရှိသောသူသည် ပျော်ပျော်နေတတ်၏

၀၆.ချက်ပတ်ဝန်းကျင်တွင်မှဲ့ရှိသောသူသည် အလွန်ချစ်ခင်တတ်၏

၀၇.ခါးရိုးပတ်ဝန်းကျင်တွင်မှဲ့ရှိသောသူသည်
လွတ်လွတ်လပ်လပ်နေတတ်၏

၀၈.လက်မောင်းတွင်မှဲ့ရှိသောသူသည် ဆွေမျိုးသားချင်းကိုသိတတ်သည်

၀၉.တံထောင်ဆစ်အောက်တွင်မှဲ့ရှိသောသူသည် ငွေကြေးအသုံးအစွဲကြမ်းတတ်၏

၁၀.ဗိုက်အောက်ပိုင်းတွင်မှဲ့ရှိသောသူသည် စကားအပြောအဆိုကောင်း၏

၁၁.ပေါင်တွင်မှဲ့ရှိသောသူသည် လက်ထပ်ပြီးလျှင်ဆင်းရဲဒုက္ခများတတ်သည်

၁၂.ပေါင်အတွင်းပိုင်းတွင်မှဲ့ရှိသောသူသည် ဆင်းရဲဒုက္ခခံရပြီးလျှင် အောင်မြင်မည်

၁၃.ခြေသလုံးအောက်ပိုင်းတွင်မှဲ့ရှိသောသူသည် မွေးရပ်ဒေသမှ အခြားအရပ်သို့သွားလိုသည်

၁၄.ခြေဖမိုးပေါ်တွင်မှဲ့ရှိသောသူသည် မိဘခြေရာနင်းမည်

၁၅.ခြေဖဝါးတွင်မှဲ့ရှိသောသူသည် ကလေးဘဝကတည်းကရှိလျှင် အလွန်ကံကောင်မည်

၁၆.လည်ပင်းအနောက်တွင်မှဲ့ရှိသောသူသည် တစ်ခုခုသူတပါးနှင့်နိုင်းယှဉ်လို့မရအောင်တော်တတ်သည်

၁၇.ပုခုံးကျောဘက်တွင်မှဲ့ရှိသောသူသည် သူတပါး၏ အလိမ်ခံရတတ်သည်

၁၈.ကျောအလယ်တွင် မှဲ့ရှိသောသူသည် ကျော၏အပေါ်သို့ရောက်လေလေ ဘဝလက်တွဲဖော်ကကောင်းလေလေဖြစ်မည်

၁၉.ခါးအနောက်တွင်မှဲ့ရှိသောသူသည် တက်တက်ကြွကြွနေတတ်သူ ဖြစ်မည်

၂၀.တင်ပါးတွင်မှဲ့ရှိသောသူသည် လူမူဆက်ဆံရေးအပိုင်း သတိထားပါ

၂၁.တင်ပါးအပေါ်တွင်မှဲ့ရှိသောသူသည် ခေါင်းဆောင်ဖြစ်နိုင်သည်

Happiness Is To You
Chelmo Team

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.