သထုံတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံး
သထုံတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံး
သထုံမြို့နယ် ဇိုက္ကရဲ ကျေးရွာ လယ်ကွင်းအတွင်းရှိ တဲ ပေါ်တွင် အမျိုးသားနှစ်ဦးစကား များ ရန်ဖြစ်ရာမှ အုတ်ခဲဖြင့် ထုသဖြင့် အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
နောင်ကုလားအလယ်ကျေး ရွာနေ အသက်(၄၅)နှစ်အရွယ် ဦးပြုံးချိုနှင့် ဦးဖိုးဝဲတို့သည် စက်တင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်က အရက်အတူသောက်ရင်း စကားများ ရန်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။
ဦးဖိုးဝဲ၏ နေအိမ်လယ်တဲအတွင်း အရက်အတူသောက်နေရာမှ ဦးပြုံးချိုသည် ၎င်း၏ဇနီးကိစ္စနှင့်ပတ်သက်၍ ဦးဖိုးဝဲအား စွပ်စွဲပြောဆိုရာမှ စကားများ ရန်ဖြစ်ခဲ့ဖြစ်ပြီး မီးဖိုအတွင်းရှိ အုတ်ခဲဖြင့် လေးချက်ခန့် ဆင့်ထုခဲ့ ကြောင်း သထုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။
‘‘သူတို့ အရက်သောက်နေ ကြရင်း တရားခံက သေတဲ့သူကို မင်း ငါ့မိန်းမကို မုဒိမ်းကျင့်ခဲ့တယ် မဟုတ်လားလို့ မေးရာကနေစပြီး စကားများရာကနေ လူသတ်မှု ဖြစ်သွားတာ။ တရားခံကိုတော့ ကျွန်တော်တို့ လူသတ်မှုဖြစ် ကြောင်း သတင်းရပြီး တစ်နာရီအတွင်း ဖမ်းမိပါတယ်’’ဟု ၎င်းက ဆိုသည်။
ဦးပြုံးချိုသည် အုတ်ခဲဖြင့်ထုကာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နောက်ကုလားကျေးရွာ စာသင်ကျောင်းရှေ့၌ နေ့လယ် ၁၂ နာရီခန့်က ဖမ်းမိခဲ့ကြောင်း သထုံမြို့နယ် ရဲစခန်းမှူးကဆိုသည်။
အုတ်ခဲဖြင့်ထုခံရသဖြင့် အသက်(၅၅)နှစ်အရွယ် ဦးဖိုးဝဲ၏ ဦးခေါင်းနောက်စေ့တွင် ကွဲကြေဒဏ်ရာသုံးချက်ရရှိကာ အခင်းဖြစ်ပွားသည့်နေရာ၌ပင် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။
ဦးပြုံးချိုကို သထုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref 7 Day
0 comments:
Post a Comment