ဒေါ်အောင်ဆန်းစုကြည်ကြိုက်တဲ့ ဟိုလီဂိုလိုက်လီရဲ့လိပ်စာ

Thursday, December 31, 2015
(တစ်)
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မည်သူတွေက မည်သို့သောအကြောင်းတရားများဖြင့် ကြိုက်နေမိခဲ့ကြလေသလဲဆိုသည်ကို ကျွန်တော်မပြောတတ်ပါ။ ကျွန်တော့်အဖို့ရာတွင်တော့ သူ့ကို ချစ်ခင်နှစ်သက်ရခြင်း၏ အကြောင်းပေါင်းများစွာထဲ၌ သူရေးသောစာများကို မြတ်နိုးမိနေခြင်းသည်လည်း ခိုင်မာသော အချက်အလက်တစ်ခုအဖြစ်ရှိနေကြောင်း ထုတ်ဖော်လိုပါသည်။
သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးမဟုတ်ဘူးဟုဆိုခဲ့သည့်တိုင်၊ သူဒီမိုကရေစီခေါင်းဆောင်မဟုတ်ဘူးဟုဆိုခဲ့သည့်တိုင်၊ သူရေးသည့် စာများကို ကြိုက်နိုင်ပါ့မလားဟု ကျွန်တော့်ကိုယ်ကျွန်တော် မကြာခဏမေးခွန်းထုတ်ကြည့်မိခဲ့ ဖူးပါသည်။ သေချာပါ၏။ သူ မည်သူပဲဖြစ်နေပါစေသူ့စာများကို ကျွန်တော် ကြိုက်နေနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ထံမှ နိုးထပျံသန်းလာကြသော လိပ်ပြာရောင်စုံကလေးများထဲ၌ ကျွန်တော်တို့ ကဗျာဆရာ၊ စာရေး ဆရာများအကြိုက် စာပေအနုပညာလိပ်ပြာကလေးများကိုလည်း တွေ့နေရ၍ဖြစ်ပါသည်။ ကဗျာဆန်သော၊ ရသစာတမ်းဝိညာဉ်ပူး ကပ်နေသော၊ အလှဗေဒအရာ၌ လိမ္မာသောသူ့စာတွေက ဖတ်ရှု ပြီးစီးခြင်း၏နောက်မှာ အတွေးတို့ မီးခိုးမဆုံး မိုးမဆုံးဖြစ်ကြရစမြဲ မဟုတ်လား။
(နှစ်)
စာအုပ် တစ်အုပ်အဖြစ် မပေါ်ပေါက်မီကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ‘မြန်မာပြည်ကရေးတဲ့စာ’ခေါင်းစဉ်တပ် စာများကို ဂျာနယ်စာမျက်နှာများပေါ်၌ ကျွန်တော်ဖတ်ဖြစ်ခဲ့ပါသည်။
ကျွန်တော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည့်ခေါင်းစဉ်အခွဲတစ်ခုက "Travelers" ခေါ် ‘ခရီးသွားများ’ပဲဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာထရူးမင်းကပုတ် (Truman Capote)၏ဝတ္ထုကိုဖတ်ခဲ့မိပြီး ထိုဝတ္ထုထဲမှ ဇာတ်ဆောင်မင်းသမီး ဟိုလီဂိုလိုက်လီ (Holly Golightly) ၏ ခရီးဆောင်သေတ္တာကြီးကိုကြိုက်ခဲ့မိကြောင်း ဖော်ပြထားပါသည်။ ထိုခရီးဆောင် သေတ္တာကြီး၏တစ်နေရာရှိ လိပ်စာတပ်ရမည့်နေရာတွင် မင်းသမီးတပ်ထားသောလိပ်စာက အံ့သြစရာကောင်းပါဘိ။
Traveling တဲ့။ ခရီးသွားနေသည်ပဲပေါ့။ အိမ်နံပါတ်လည်းမပါ။ လမ်းနာမည်လည်းမပါ။ ရပ်ကွက်မြို့ရွာဘာတစ်ခုမှမပါ။ Traveling။ ခရီးသွားနေသည်။ စာရေးသူဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်သောစိတ်များဖြင့် အံ့သြသဘောကျမိခဲ့ပါလေသတဲ့။
သို့သော် နောင်အခါ ရင့်ကျက်တည်ငြိမ်လေသူ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ထိုထူးဆန်းသောလိပ်စာတပ်ထားမှု၏ အတိမ်အနက်တို့ကို သဘောပေါက်ခဲ့ရပါပြီ။
Whenever we came back from our long journeys I was surprised to find that many of our friends were still at their old addresses တဲ့။
ဒေါ်အောင်ဆန်းစုကြည်၏ မူရင်းစာသားကို ကျွန်တော်ကူးထည့်လိုက်ခြင်းပင်ဖြစ်ပါသည်။ ခရီးရှည်ကြီးတွေဆီက ပြန်လာကြလေတိုင်းမှာ သူ့မိတ်ဆွေတော်တော်များများတို့ဟာ လိပ်စာအဟောင်းကြီးတွေရှိရာဆီမှာပဲ နေနေကြတာကို သူတအံ့တသြဖြစ်ရပါလေသတဲ့။
နောင်အခါ ပေါင်းများစွာသော များစွာသောတွေတိုင်းမှာ သူ့ရဲ့လိပ်စာကို ‘ခရီးသွားနေသည်’ လို့ပဲခံစားလာရလေသတဲ့။
သြော်...ကျွန်တော်တို့လိပ်စာတွေက ဘယ်သို့သောလိပ်စာတွေပါလိမ့်။
(သုံး)
လူတို့သည် ဆက်လက်တိုး တက်နေဖို့ရာအတွက် တည်နေရာများ (သို့မဟုတ်) လိပ်စာများကို ပြောင်းပေးရလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ လူ၌အရွေ့ရှိ ရန်လိုအပ်ပါသည်။ လိပ်စာပြောင်းလိုက်ခြင်းသည် ရွေ့သွားခြင်းပင်ဖြစ်ပါသည်။
လွန်ခဲ့သောအနှစ် နှစ်ဆယ်၊ သုံးဆယ်ကကျင့်သုံးခဲ့သောစနစ်ကလည်း သည်စနစ်၊ ယခုကျင့် သုံးနေသော စနစ်ကလည်းသည် စနစ်ဖြစ်နေခဲ့သည်ဆိုပါက ငယ်စဉ်ကဖတ်ဖြစ်ခဲ့သည့် စာအုပ်အမျိုးအစားက ဤအရာ၊ ယခု ဆက်ဖတ်ဖြစ်နေသည့်စာအုပ် အမျိုးအစားကလည်း ဤအရာပဲ ဖြစ်နေခဲ့သည်ဆိုပါက။ ကျန်ခဲ့သည့်ဆယ်စုနှစ်က ထုတ်လုပ်ခဲ့သည့်နည်းပညာကလည်း သည် နည်းပညာ၊ ယခုဆယ်စုနှစ်တွင် ဆက်လက်ကျင့်သုံးထုတ်လုပ်နေသည့် နည်းပညာကလည်း သည် နည်းပညာပဲဖြစ်နေခဲ့သည်ဆိုပါ က။ မနေ့ကဆွဲသည့်အရုပ်နှင့် သည်နေ့ဆွဲသည့်အရုပ် အတူတူ။ မနေ့ကရိုက်သည့်ရုပ်နှင့်သည်နေ့ ရိုက်သည့်ရုပ်ရှင် အတူတူ။ မနေ့ ကတီးခတ်လိုက်သည့် ဂီတနှင့် သည်နေ့တီးခတ်လိုက်သည့်ဂီတ အတူတူ။ မနေ့ကဖွဲ့သည့်ကဗျာ နှင့် သည်နေ့ဖွဲ့သည့်ကဗျာအတူတူ။ မနေ့ကအတွေးနှင့်သည်နေ့ အတွေးအတူတူ။ မနေ့ကအစိုးရ နှင့် သည်နေ့အစိုးရအတူတူ။
သြော်...အားလုံးသည် လိပ် စာတစ်ခုတည်း၌ မရွှေ့မပြောင်း ရပ်၍တည်၍ နေဖြစ်မိခဲ့ခြင်းပင် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းခရီးသွားနေသူတစ်ယောက်အဖို့ စွန့်ပစ်ဖို့လိုအပ်သည်များကို စွန့်ပစ်နိုင်ဖို့ရာလည်း လိုအပ်သည်ဟုဆိုပါသည်။ သြော် ... ဒါမှ ပေါ့ပေါ့ပါးပါးဖြစ်သွား တော့မပေါ့။ ပေါ့ပါးတော့မှ ရွှေ့ ရတာလွယ်လေမပေါ့။ ရွှေ့ရတာလွယ်မှ ခပ်မြန်မြန်ရွေ့ပေမပေါ့။
(လေး)
ကျွန်တော့်လိပ်စာကို ကျွန်တော်ပြန်ကြည့်ရမှာ မဝံ့မရဲကြီးပါ။ တစ်နေရာတည်းမှာ ကျွန်တော်ရပ်နေခဲ့မိတာ အချိန်ကာလတွေ မည်မျှကြာခဲ့လေပြီလဲမသိ။
ကဗျာအသေ။ စကားပြော အသေ။ အရုပ်အသေ။ အရောင် အသေ။ အသံအသေ။ အတွေး အသေ။ အယူအဆအသေ။ နည်း ပညာအသေ။ ယုံကြည်မှုအသေ။ ခံစား

0 comments:
Post a Comment