Thursday, December 31, 2015

လမ်းမပေါ် လှဲအိပ်ပြီးလေယာဉ်တွေနဲ့Selfieရိုက် ရန်ကြိုးစားခဲ့တဲ့ဆယ်ကျော်သက်လူငယ်နှစ်ဦးTruck ကားတိုက်၍သေဆုံး

လမ်းမပေါ် လှဲအိပ်ပြီးလေယာဉ်တွေနဲ့Selfieရိုက်
ရန်ကြိုးစားခဲ့တဲ့ဆယ်ကျော်သက်လူငယ်နှစ်ဦးTruck
ကားတိုက်၍သေဆုံး


ဆယ်ကျော်သက်နှစ်ဦးဟာ လေယာဉ်တွေကို နောက်ခံထားပြီး Selfie ရိုက်ဖို့ အတွက် လမ်းမပေါ် လှဲအိပ်ခဲ့ရာမှာ ထရပ်ကားကြိတ်မိခံရပြီး သေဆုံးသွားခဲ့ပါတယ်။ တူရကီနိုင်ငံ၊ Alanya မြို့ ကနေ Antalya မြို့ ဆီသို့ ကားငှားပြီး အပျော်ခရီး ထွက်လာတဲ့ ဆယ်ကျော်သက် သူငယ်ချင်းငါးဦးထဲက အသက် ၁၇ နှစ်အရွယ် Muhammet Bozkurt နဲ့ အသက် ၁၉ နှစ်အရွယ် Caglar Savasci တို့ နှစ်ဦးဟာ ကားနဲ့  တိုက်ကြိတ် ခံရကာ နေရာတွင်ပင်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူ၊ သူငယ်ချင်းတွေရဲ့ပြောကြားချက်အရ လေယာဉ်ကွင်းအပြင် ခြံစည်းရိုးဘေးမှာ ကားကို ရပ်ပြီး ရပ်ထားတဲ့လေယာဉ်တွေနဲ့ သူငယ်ချင်းငါးယောက် အတူတူ Selfie ရိုက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့  သိရပါတယ်။

ဒါပေမယ့် ညဘက်မှောင်မည်းနေတဲ့အတွက် လမ်းမ တစ်လျှောက်မောင်းလာတဲ့ ထရပ်ကားဟာ သူတို့ ကို မမြင်ခဲ့ဘဲ ၀င်ကြိတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခြားသုံးဦးဟာ အချိန်မီ လမ်းပေါ်က လှိမ့်ထွက်နိုင်ခဲ့ပေမယ့် နှစ်ဦးကတော့ ကားကြိတ်ခံရကာ သေဆုံးသွားခဲ့ရပါတယ်။

ရဲတွေရဲ့ စစ်ဆေးချက်အရ အားလုံးဟာ အရက်သောက်ထားကြတယ်လို့ သိရပါတယ်။ ထရပ်ကားမောင်းသမား ဟာ အခင်းဖြစ်ပွားပြီးနောက် အရေးပေါ်ဌာနတွေကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယခုအခါ အလောင်းကို ခွဲစိတ်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

Source : Trend Myanmar

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.